Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အမေရိကန် နာမည်ပျက်စာရင်း လွှတ်တော်က ကန့်ကွက်မှုအဆို တခြားပါတီများကို ထိခိုက်

$
0
0

ဦးအောင်သောင်းကို အမေရိကန်က နာမည်ပျက် စာရင်းသွင်းလိုက်တာကို ကန့်ကွက်ပေးဖို့ လွှတ်တော် ၂ ရပ်မှာ တင်သွင်းတဲ့ အရေးကြီးအဆိုမှာ သတင်းပေးသူ ပုဂ္ဂိုလ်တဦး တယောက်ကို အရေးယူဖို့ဆိုတဲ့ အသုံးအနှုန်းဟာ လွှတ်တော်မှာ တက်ရောက်နေတဲ့ တခြား ပါတီတွေကို ထိခိုက်ရာရောက်စေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

parliment wide view“ဦးအောင်သောင်းအပေါ် မမှန်တဲ့ သတင်းပေးတဲ့ ပုဂ္ဂိုလ်တွေအပေါ် အဖွဲ့အစည်းအပေါ် အရေးယူမှု ရှုတ်ချတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီအပေါ် သင့်တော်သလို ဆောင်ရွက်သွားမယ်ဆိုတဲ့ အဆိုမျိုးကို ထပ်ထည့်လိုက်တဲ့ အခါကျတော့ နောက်ဆက်တွဲ စကားလုံးဟာ လွှတ်တော်ထဲမှာ ရှိနေတဲ့ အဖွဲ့ချုပ် ခေါင်းဆောင်အပါအ၀င် ကျနော်တို့ အဖွဲ့ချုပ် ကိုယ်စားလှယ်အပါအ၀င် နိုင်ငံရေး ပါတီတွေ အပေါ်မှာ ထိခိုက်မှုတွေ ဖြစ်တဲ့အတွက် အသုံးအနှုန်းဟာ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဒီအပေါ်မှာ ဖြေရှင်းဖို့ အတွက်ကို အားလုံး ၀ိုင်းပူးပေါင်းပါဝင်ဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောတယ်ဆိုရင် ရန်ဘက်အသွင်လည်း မရောက်ဘူး” လို့ ဦးမင်းသူက ပြောပါတယ်။

အမေရိကန်က ဦးအောင်သောင်းကို နာမည်ပျက် စာရင်းထဲမှာ ထည့်သွင်း လိုက်တာကို ကန့်ကွက်ပေးဖို့နဲ့ သတင်းပေးသူတွေနဲ့ သတင်းပေးမှုတွေကို ရှုတ်ချပေးဖို့ အရေးကြီး အဆိုကို ကြံ့ခိုင်ရေးပါတီအမတ်တွေဖြစ်ကြတဲ့ ဦးတင်မောင်ဝင်းက ပြည်သူ့ လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး ဦးဝင်းသန်းက ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

အဆိုတင်သွင်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေ၊ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်ပေါ်စေဖို့ အမေရိကန်ရဲ့ ကြေညာချက်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ကာယကံရှင် ဦးအောင်သောင်းကတော့ အမေရိကန်က ဒီလိုလုပ်လိုက်တာဟာ သူ့ကို ထိခိုက်မှုမရှိနိုင်ဘဲ ပါတီကိုအားပျော့စေချင်လို့ လုပ်လိုက်တာလို့ ယူဆသလို အတိုက်အခံ ပါတီက ဒီလိုလုပ်ဖို့ တိုက်တွန်းတာ မဖြစ်နိုင်ဘူးလို့ လွှတ်တော်မှာ ပြောကြားသွားပါတယ်။

ဒီအဆိုကို ကန့်ကွက်သူမရှိဘဲ လွှတ်တော် ၂ ရပ်လုံးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အန်အယ်လ်ဒီ အမတ်တွေအနေနဲ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ချမှတ်ထားတဲ့ မူဝါဒကို ထိခိုက်နိုင်တဲ့အတွက် ဒီအဆိုကို လွှတ်တော်မှာ မကန့်ကွက်ခဲ့တာလို့ ဦးမင်းသူက ပြောပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ