အမေရိကန် လူမည်းခေါင်းဆောင်၊ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် မာတင်လူသာကင်း ရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ‘Selma’ ဇာတ်ကားကို မကြာခင်မှာ ရုံတင်ဖို့ ရှိပါတယ်။
၁၉၆၀ တ၀ိုက်က အမေရိကန်ပြည်ထောင်စုမှာ ပြည်သူ့အခွင့်အရေး လှုပ်ရှားမှု နောက်ခံနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကို ဒီဇင်ဘာမှာ ရုံတင်မှာ ဖြစ်ပါတယ်။
ရုပ်ရှင်ထဲမှာ ဗြိတိန်မင်းသား ဒေးဗစ် အိုယဲလိုဝိုက မာတင်လူသာကင်းအဖြစ် သရုပ်ဆောင် ထားပြီး၊ အော်ပရာ ၀င်းဖရေးကလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။
ဇာတ်ကားကို လည်း အော်ပရာ ၀င်းဖရေးနဲ့ ဘရက်ပစ်တို့က ပူးပေါင်းထုတ်လုပ်တာဖြစ်ပေမယ့် သရုပ်ဆောင်ထဲမှာ ပရက်ပစ်ကတော့ မပါဝင်ပါဘူး။
ရုပ်ရှင် ဒါရိုက်တာကတော့ အေဗာ ဒူဘာနေး Ava DuVernay ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့ကျရင် နယူးယော့ခ်နဲ့ လော့အင်ဂျလိမှာ ရုံတင်မှာဖြစ်ပါတယ်။
မာတင်လူသာကင်းနေ့ အမေရိကန် အားလပ်ရက်နဲ့ တိုက်ဆိုင်ပြီး ၂၀၁၅ ဇန်န၀ါရီလမှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမယ်လို့ သိရပါတယ်။