Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဂျာမန်ရထားဝန်ထမ်းများ လုပ်ခစာတိုးမြှင့်ပေးရေး သပိတ်မှောက်

$
0
0

ဂျာမန်ရထားမောင်း အလုပ်သမားများသမဂ္ဂရဲ့ ၄ ရက်ကြာသပိတ်မှောက်ပွဲကို နိုဝင်ဘာ ၆ ရက်နေ့က စတင်လိုက်တာကြောင့် ဂျာမနီနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ နောက်ထပ်ထိခိုက်ဖို့ ရှိနေပါတယ်။

သမဂ္ဂက လုပ်ခလစာ ၅ ရာခိုင်နှုန်း တိုးပေးဖို့နဲ့ တပတ် အလုပ်ချိန်ကို ၃၉ နာရီကနေ ၃၇ နာရီကို လျှော့ချပေးဖို့ ဂျာမနီရထားပို့ဆောင်ရေးလုပ်ငန်း (ဒ၀က်ချဘမ်) ကို တောင်းဆိုတာပါ။

Germanyဒ၀က်ချဘမ် ရထားပို့ဆောင်ရေးလုပ်ငန်းသမိုင်းမှာ ရက်အရှည်ကြာဆုံး သပိတ်မှောက်ပွဲဖြစ်ပြီး ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းခဲ့တဲ့ ၂၅ နှစ်ပြည့်ပွဲနဲ့လည်း တိုက်ဆိုင်နေပါတယ်။

သပိတ်မှောက်ရထားဝန်ထမ်းတွေက ရထားဝန်ထမ်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းပဲရှိပေမယ့် ၉ ပတ်အတွင်း ၆ ကြိမ်မြောက် သပိတ်မှောက်တာလည်း ဖြစ်ပါတယ်။

နာရီ ၁၀၀ တိတိကြာမြင့်မယ့် သပိတ်ဖြစ်တာကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျရောက်မယ့် ဂျာမနီပြန်လည်ပေါင်းစည်းခြင်း ၂၅ နှစ်ပြည့်ပွဲကို ထိခိုက်မှာဖြစ်ပါတယ်။

ရထားခရီးစဉ်တွေရဲ့ ၃ ပုံ၊ ၂ ပုံ ထိခိုက်တာကြောင့် ခရီးသည်တွေကတော့ လုပ်တာများလွန်းတယ်ဆိုပြီး မကျေနပ်ကြပါဘူး။

ဂျာမန်ဝန်ကြီးချုပ်ကလည်း ရထားဝန်ထမ်းတွေ ဆန္ဒပြခွင့်တော့ရှိပေမယ့် သပိတ်မှောက်ပွဲကြောင့် ဂျာမနီစီးပွားရေးကို တရက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း နစ်နာမယ်ဆိုတာကိုလည်း စဉ်းစားဖို့ လိုမယ်လို့ ပြောဆိုပါတယ်။ တခြားဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ သတ္တုတူးဖော်ရေးနဲ့ သယ်ဆောင်ရေး လုပ်ငန်းတွေ ထိခိုက်ရတာလည်း ဖြစ်ပါတယ်။

ဥပမာ ဘီအမ်ဒလျူကားကုမ္ပဏီဟာ ကားသစ်တွေရဲ့ ၆၀ ရာခိုင်နှုန်းကို ရထားနဲ့ သယ်ယူ ပို့ဆောင်တာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း ဂျာမန်အလုပ်သမားသမဂ္ဂငယ်တွေရဲ့ သပိတ်မှောက် ဆန္ဒပြပွဲတွေကြောင့် လေကြောင်း၊ ကုန်းကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အတော် ထိခိုက်ရတာကြောင့် အလုပ်သမားသမဂ္ဂဆိုင်ရာ ဥပဒေပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့လည်း ဂျာမနီအစိုးရက စဉ်းစားနေပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ