နယူးဇီလန်နိုင်ငံ ပလန်တီပင်လယ်အော်ကို ဒုတိယအကြိမ် သောင်တင်လာတဲ့အထဲက ပိုင်းလော့ဝေလငါး အနည်းဆုံး ၂၂ ကောင် သေဆုံးတယ်လို့ နိုဝင်ဘာ ၆ ရက်နေ့က ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းတည်းက အိုဟိဝဆိပ်ကမ်းနား ကမ်းခြေဆီကို ဝေလငါးအကောင် ၆၀ လောက် လာရောက် သောင်တင်ခဲ့တယ်လို့ နယူးဇီ လန်မီဒီယာက အစီရင်ခံပါတယ်။
ရှေးရိုးစွဲဝါဒီတွေက နိုဝင်ဘာ ၅ ရက်နေ့မှာ ဆိပ်ကမ်းကနေ တချို့ဝေလ ငါးတွေ ပြန်ထွက်သွားနိုင်အောင် စီမံနိုင်ခဲ့ပေမယ့် နိုဝင်ဘာ ၆ ရက်နေ့ မနက်မှာ ၂၂ ကောင် ပြန်ပြီး သောင်တင်နေခဲ့ပါတယ်။
ဝေလငါးတွေ သောင်တင်တာဟာ မြောက်ကမ္ဘာခြမ်းအစွန်းမှာ ဖြစ်နေကျပါ။ ဒါပေမယ့် ခုလို ဝေလငါးတွေ အများကြီး တပြိုင်တည်းသောင်တင်မှုက ရှားတယ်လို့ အစီရင်ခံစာတွေက ဆိုကြပါတယ်။