Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဂရိအစိုးရ၏ခြိုးခြံချွေတာရေး အစီအစဉ် ပြည်သူထောင်ချီ ဆန္ဒပြ

$
0
0

ဂရိနိုင်ငံမှာ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို ကန့်ကွက်တဲ့ ဆန္ဒပြသမား ထောင်ပေါင်းများစွာ မနေ့ အတ်သန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို  ဂရိကွန်မြူနစ် အလုပ်သမားသမဂ္ဂက စီစဉ်တာဖြစ်ပါတယ်။

greece-protest-austerity-athens.siကိန်းဂဏန်းတွေအရ ဂရိနိုင်ငံမှာ လက်ရှိအလုပ်လက်မဲ့နှုန်းဟာ ၂၆ ဒသမ ၄ ရာခိုင်နှုန်းဖြစ်နေလို့ ဥရောပမှာ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းထက် နှစ်ဆပိုများနေပါတယ်။

ကွန်မြူနစ်ပါတီခေါင်းဆောင် ဒီမီထရီစ် ကော့ဆမ်းဘက်က အားလုံးအတွက် အလုပ်အကိုင်ရရှိဖို့၊ အလုပ်မြဲဖို့၊ တော်လှန်ရေးတရပ် ဆင်နွှဲဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ ခရီးသွားလုပ်ငန်းက အချိန်ပိုင်း အလုပ်သမားတယောက်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနေတဲ့ အချိန်တုန်းကလည်း ၀န်ထမ်းတွေဟာ ထိုက်သင့်တဲ့ လစာ မရဘူးလို့ ပြောပါတယ်။

နိုင်ငံ မြောက်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ တက်စာလွန်နီကီ Thessaloniki  ကနေ လာပြီး ဆန္ဒပြသူတယောက်ကလည်း အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကြောင့် ဒုက္ခရောက်မယ့်သူတွေဟာ သူတို့လို အလုပ်လက်မဲ့တွေ ဖြစ်တယ်၊ သူတို့ မိသားစုဟာ ဆင်းရဲတွင်းမှာ ကျရောက်နေရပြီလို့ ပြောပါတယ်။

တိုင်းပြည်စီးပွားရေး ပြဿ    နာတွေကြောင့် လက်ရှိ ဂရိဝန်ကြီးချုပ် အန်တိုနီ ဆမ်းမာရက်စ် Antonis Samaras ဟာ လူကြိုက်နည်းနေပြီး ဖေဖော်ဝါရီလ ရွေးကောက်ပွဲကျရင် လက်ဝဲယိမ်း ပါတီက အနိုင်ရမယ်လို့ စစ်တမ်းက ပြသနေပါတယ်။


Viewing all articles