Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ထိုင်းလူငယ်ကို မဖွယ်မရာပြုမှုဖြင့် ဒတ်ခ်ျနိုင်ငံသား ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရ

$
0
0

ထိုင်းဆယ်ကျော်သက်လူငယ်တဦးကို မဖွယ်မရာလုပ်မှု ကျူးလွန်ခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် ဒတ်ခ်ျအမျိုးသားတဦးကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၃၇ နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

Dutch manဒတ်ခ်ျလူမျိုး ဝီလီယံ ဂဲရတ် နော့ပီယမ်ဟာ ၂၀၀၉ ခုနှစ်က အသက် ၁၂ နှစ်အရွယ် ထိုင်းလူငယ်လေးကို လိင်ပိုင်းအလွဲသုံးစားလုပ်မှု ကျူးလွန်ခဲ့တာပါ။

ထိုင်းလူငယ်လေးကို ပင်လယ်ကမ်းခြေမြို့ ဟွာဟင်းက သူ့အိမ်မှာ ယောက်ျားလေး အိမ်သန့်ရှင်းရေး လုပ်သားအဖြစ် ခေါ်ထားခဲ့တာပါ။

ထိုင်းလူငယ်လေးက နော့ပီယမ်ဟာ ၂၀၀၇ ခုနှစ်က စပြီး သူ့ကို အလွဲသုံးစားလုပ်တယ်၊ တကြိမ်တိုင်းမှာ ထိုင်းဘတ် ၁၂၀ ပေးတယ်လို့ ပြောဆိုစွပ်စွဲထားပါတယ်။ နော့ပီယမ်ကတော့ သူ့အပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။

ထိုင်းလူငယ်လေးဆီက ထွက်ဆိုချက်တွေနဲ့ ထိုင်းရဲအရာရှိတွေ စုဆောင်းထားတဲ့ သက်သေတွေအရ သက်သေခိုင်လုံတယ်လို့ တရားရုံးက ပြောပါတယ်။ နိုင်ငံတော် တရားရုံးချုပ်ဟာ ထိုင်းနိုင်ငံတွင်း အဆင့်မြင့်ဆုံးတရားရုံး ဖြစ်ပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ