ပြည်တွင်းမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီကနေ မိုဘိုင်းဆင်းကတ် ၁ သန်းကို အောက်တိုဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ ရောင်းချပေးနေပါတယ်။
မှောင်ခိုဈေးကွက်ဖြစ်ပေါ်မလာဖို့အတွက် ပုံမှန်ရောင်းချဈေး ၁၅၀၀ ကျပ်နဲ့ မှတ်ပုံတင်တစ်ခုကို ဆင်းကတ် ၁ ကတ်နှုန်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ တယ်လီနော ဆင်းကတ်တွေကို စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက စတင် ရောင်းချပေးခဲ့တာပါ။
လောလောဆယ်မှာ အော်ရီဒူးက ရောင်းချတဲ့ ဆင်းကတ်တွေ ခေါ်ဆိုရတာ အခက်အခဲ ရှိနေတဲ့အတွက် တယ်လီနောက စောင့်ကြည့်သုံးစွဲရမယ့် အနေအထား ဖြစ်တယ်လို့ သုံးစွဲသူတွေက ပြောဆိုနေကြပါတယ်။


