Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

သမ္မတဂျိုကိုဝီကို ထောက်ခံသွားမည်ဟု ရှုံးနိမ့်သမ္မတလောင်းပြော

$
0
0

အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ ပရာဘိုဝို ဆူဘီယန်တိုက သမ္မတ ဖြစ်လာမယ့် ဂျိုကိုဝီ ဒိုဒိုကို ထောက်ခံသွားမယ်လို့ မနေ့က ပြောပါတယ်။

_78299222_024356693-1

ပရာဘိုဝို ဆူဘီယန်တိုနှင့် ဂျိုကိုဝီ ဒိုဒို (၀ဲမှယာ)

ရွေးကောက်ခံ သမ္မတ ဂျိုကိုဝီ ဒိုဒိုနဲ့ ဒုတိသမ္မတ ဂျူးဆက်ဖ် ကယ်လာတို့ဟာ လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့ကျရင် တရားဝင် ရာထူးလက်ခံဖို့ ရှိပါတယ်။

မနေ့က ပရာဘိုဝိုနဲ့ ဆူဘီယံတိုတို့ တွေ့ဆုံမှုဟာ အရင် ဂျာကာတာ မြို့တော်ဝန်က ဇူလိုင်လ ၉ ရက်နေ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာအပြီးမှာ ပထမဆုံး ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဘက်ဖြစ်ခဲ့သူ နှစ်ယောက်တို့ သီးသန့် တွေ့ဆုံပြီးနောက် ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက ရွေးကောက်ခံ သမ္မတ ဂျိုကိုဝီကို ဂုဏ်ပြုစကား ပြောပါတယ်။

ကျနော် ဦးဆောင်နေတဲ့ ပါတီရော၊ ကျနော့်ကို ထောက်ခံသူတွေရော ဂျိုကိုဝီ ဒိုဒိုနဲ့ သူခေါင်းဆောင်မယ့် အစိုးရအဖွဲ့ကို ထောက်ခံပါလို့ တိုက်တွန်းကြောင်း သတင်းထောက်ကို ပြောပါတယ်။

တချိန်တည်းမှာ အစိုးရရဲ့ မူဝါဒတွေကို သဘောမတူရင် အတိုက်အခံလုပ်ဖို့၊ ဝေဖန်ဖို့ ၀န်လေးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ အားလုံးကို တိုင်းပြည်အကျိုးအတွက် လုပ်သွားမယ်လို့ ဆိုပါတယ်။

သမ္မတ ရွေးကောက်ပွဲမှာ ဂျိုကိုဝီက ပရာဘိုဝိုကို မဲမတိမ်းမယိမ်းနဲ့  အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်မှာတော့ ဂျိုကိုဝီတို့ ပါတီက အမတ်နေရာ ၃၇ ရာခိုင်နှုန်းပဲ ရရှိထားတာကြောင့် ပြုပြင်ပြောင်းလဲရေး ရှေ့မတိုးနိုင်မှာကို စိုးရိမ်စရာဖြစ်နေတာပါ။

လွှတ်တော်က အင်အားကြီးတဲ့ အတိုက်အခံမဟာမိတ်ကို ခေါင်းဆောင်ထားတဲ့ ပရာဘိုဝိုက ဂျိုကိုဝီနဲ့ အစိုးရသစ်ကို ထောက်ခံဖို့ အခုလို တိုက်တွန်းချက်ဟာ နိုင်ငံရေး အကျည်အတည်းတွေ့မှာကို စိုးရိမ်နေတဲ့ အင်ဒိုနီးရှားပြည်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်သက်သာရစေမှာ ဖြစ်ပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ