Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဟောင်ကောင်ဒီမိုကရေစီ တောင်းဆိုသူများကို နံပါတ်တုတ်များဖြင့် ရိုက်နှက်လူစုခွဲ

$
0
0

ဟောင်ကောင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေဟာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသမားတွေကို ဒီနေ့ မနက်စောစောပိုင်းက ငရုတ်ကောင်းရည်တွေနဲ့ ပက်၊ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ပြီး လူစုခွဲခဲ့ပါတယ်။

5823670-3x2-340x227မောင်းကွခ်မြို့နယ်ထဲက နသန်လမ်းပေါ်မှာ သပိတ်စခန်းဖွင့်ထားတဲ့ ဆန္ဒပြသမားတွေကို ရဲတွေက နံပါတ်တုတ်တွေနဲ့ အဆက်မပြတ်ရိုက်နှက်ခဲ့တာပါ။

ရောင်စုံထီးတွေ၊ မျက်နှာဖုံးတွေနဲ့ အကာအကွယ်ယူထားပြီး ထိုင်နေတဲ့ ဆန္ဒပြသမားတွေက ရဲတွေကို တုံ့ပြန် တိုက်ခိုက်တာတော့ မရှိပါဘူး။ ဒါပေမယ့် ဒေါသထွက်နေတဲ့ ဆန္ဒပြသမားတွေက လူမိုက်တွေ၊ လူမိုက်တွေလို့ ရဲတွေကို ပြန်အော်ပါတယ်။

နောက်တော့ ရဲတွေက ပြန်နောက်ဆုတ်သွားပြီး ဆန္ဒပြသမားတွေက နဂို နေရာတချို့မှာ ပြန်ပြီး စုရုံးကြပါတယ်။

ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဆန္ဒပြသမားတွေဟာ ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အ၀ပေးဖို့ တောင်းဆိုနေတာပါ။


Viewing all articles

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...