Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ရန်ကုန်တိုင်းမီးသတ်စခန်းတွင် သမိုင်းဝင်အဆောက်အအုံ ကမ္ပည်းပြား တပ်ဆင်

$
0
0

ရန်ကုန်မြို့ရဲ့ သမိုင်းမှာ အရေးပါခဲ့တဲ့လူပုဂ္ဂိုလ်နဲ့ အဆောက်အအုံတွေကို သမိုင်းကြောင်း ဖော်ပြ ရေးထိုးထားတဲ့ အပြာရောင်ကမ္ပည်း ၄ ခုမြောက်အဖြစ် ရန်ကုန်တိုင်းမီးသတ်စခန်းမှာ မနေ့က တပ်ဆင်ခဲ့ပါတယ်။

ရန်ကုန်ရဲ့ ပထမဆုံး မီသတ်တပ်ဖွဲ့ကို စိန့်ပေါနဲ့ စိန့်ဂျွန်က ကျောင်းသားတွေရဲ့ အရန် အင်အားနဲ့ ၁၈၈၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ၁၈၉၆ ခုနှစ်မှာတော့ အချိန်ပြည့်လခစား မီသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဆူးလေဘုရားလမ်းပေါ်က လက်ရှိ မီးသတ်ဌာန အဆောက်အအုံကိုတော့ ၁၉၁၂ ခုနှစ်မှာ ဆောက်လုပ် ပြီးစီးခဲ့တာပါ။

ရန်ကုန်မြို့ရဲ့ ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်မြို့တော်ခန်းမမှာ တပ်ဆင်ခဲ့ပြီး ဧရာဝတီဘဏ်ရုံးချုပ်နဲ့ အာမေးနီးယန်း ဘုရားရှိခိုးကျောင်းတွေမှာ တပ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ရန်ကုန်မြို့ပြထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ Royal Philips ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကမ္ပည်းပြားတွေကို ထူးခြား ဗိသုကာ လက်ရာရှိတဲ့ အဆောက်အအုံတွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ နေအိမ်တွေ အပါအ၀င် သမိုင်းအတွက်အရေးပါတဲ့ အဆောက်အအုံတွေမှာ ဆက်လက်တပ်ဆင်သွားမယ်လို့ ရပါတယ်။

1911746_716772748411850_5052364629318403087_n 10689664_716772928411832_4606645713120498959_n fire-station index

Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ