Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အိုင်အက်စ်အဖွဲ့ကို အမေရိကန် လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်

$
0
0

ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဆီးရီးယားနဲ့ တူရကီနယ်စပ်မှာ အမေရိကန်ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

၂ ရက်အတွင်း တိုက်ခိုက်မှု ၂၁ ကြိမ်လုပ်ခဲ့လို့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ရဲ့ ထိုးစစ်ကို ဟန့်တားနိုင်ခဲ့ပေမယ့် အိုင်အက်စ်အန္တရာယ်ကတော့ ဆက်ရှိနေဆဲပဲလို့လည်း ဆိုပါတယ်။

A U.S.-led coalition aircraft flying over Kobani, as seen from near the Mursitpinar border crossing on the Turkish-Syrian borderဆီးရီးယားနယ်စပ်က ကိုဘာနီမြို့နဲ့ အီရတ်နိုင်ငံက အမ်ဘာပြည်နယ် အခြေအနေတွေကို စိုးရိမ်နေရတယ်လို့ အမေရိကန်သမ္မတ အိုဘားမား က အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ဖော်ပြောဆိုပါတယ်။

အီရတ်နိုင်ငံအတွင်း အမေရိကန်တပ်တွေ တပ်စွဲခဲ့စဉ်က အန်ဘာပြည်နယ်မှာ အမေရိကန် စစ်တပ် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတာ ဖြစ်ပေမယ့် အခုတော့ အိုင်အက်စ် အကြမ်းဖက်တွေ လက်အောက် ကျရောက်တော့မယ့် အခြေအနေ ဖြစ်နေပါတယ်။

ကိုဘာနီမြို့တိုက်ပွဲတွေကြောင့် ကာဒ့်တပ်ဖွဲ့တွေနဲ့ တူရကီအစိုးရအကြား အပစ်အခတ် ရပ်စဲရေးကို ပျက်ပြားတော့မယ်အခြေအနေ ဖြစ်နေပါတယ်။ ကိုဘာနီမြို့ထဲက ကာဒ့်တွေကို အိုင်အက်စ်တွေက ၀ိုင်းတိုက်နေကြပေမယ့် တူရကီနိုင်ငံက ၀င်ကူပေးတာလည်း မရှိသလို စစ်ကူ မသွားနိုင်အောင် ပိတ်ထားတာကြောင့် တူရကီနိုင်ငံက ကာဒ့်တွေ အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

Smoke rises from the Syrian town of Kobani, seen from near the Mursitpinar border crossingဒါကြောင့် နိုင်ငံတ၀န်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ကာဒ့်အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့ပါတယ်။

ဒီ ၂ ရက်အတွင်း ကိုဘာ နီမြို့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ဆီးရီးယားနိုင်ငံ ထဲ လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း အများဆုံးလို့ ဆိုပါတယ်။

မြေပြင်ထောက်လှမ်းရေးအချက်အလက်တွေနဲ့ ဟန်ချက်ညီညီတိုက်ခိုက်ရတာ မဟုတ်တဲ့ အတွက် လေကြောင်းတိုက်ခိုက်မှုတွေမှာ အကန့်အသတ်တွေ ရှိနေတယ်လို့  အိမ်ဖြူတော်က ပြောဆိုပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)