Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ထားပေးရန် ကာချုပ်ထံ တင်ပြမည်

$
0
0

မြန်မာ့တပ်မတော်အနေနဲ့ တရားဝင်သတင်း ထုတ်ပြန်ပေးမယ့် ပုဂ္ဂိုလ်နဲ့  စင်တာတွေ ထားပေးဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှာ  မြန်မာသတင်းသမား တွေက  တင်ပြတောင်းဆိုသွားဖို့ ရှိနေပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီ အဖွဲ့ဝင်တွေ အောက်တိုဘာလ ၁၄ ရက်နေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ်  တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေတာပါ။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- ရိုက်တာ)

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- ရိုက်တာ)

ဒီလို တွေ့ဆုံရာမှာ တပ်မတော်နဲ့ ပတ်သက်ပြီး မီဒီယာတွေက သတင်းရယူဖို့ ခက်ခဲတဲ့ အပိုင်းကို တင်ပြသွားမှာ ဖြစ်သလို တပ်မတော်ဘက်က တရားဝင် သတင်းထုတ်ပြန်ရေး စင်တာ သို့ လူပုဂ္ဂိုလ်တွေ ထားဖို့ စာနယ်ဇင်းကောင်စီ(ယာယီ)က တင်ပြသွားမှာ ဖြစ်တယ်လို့ ကောင်စီက ဦးဇော်သက်ထွေးက ပြောပါတယ်။

“နိုင်ငံတော်လျှို့ဝှက် ချက် ပေါက်ကြားမှုကြောင့် ယူနတီဂျာနယ် ထောင်ကျတဲ့အပေါ်မှာ အခြေပြုပြီး နောက်နောင်မှာ မီဒီယာအနေနဲ့ တပ်မတော်သတင်းယူတဲ့အခါမှာ ဘယ်ဟာက လျှို့ဝှက်အဆင့် ဘယ်ဟာက ရိုးရိုး သတင်းယူတဲ့အဆင်ဆိုတာ သိအောင် အကြမ်းဖျင်းတော့ စည်းမျဉ်းလေး တခုတော့ ထုတ်ပြန်ပေးသွားဖို့ ကျနော်တို့ ဆွေးနွေးသွားဖို့ ရှိမယ်။”

ဒါ့အပြင် တပ်မတော်နဲ့ မီဒီယာအကြားမှာ စေ့စပ်ဆွေးနွေး ညှိနှိုင်းတာကို ပိုပြီး နားလည်အောင်လုပ်ဖို့နဲ့ မီဒီယာမှာ သတင်းထောက်တွေရဲ့ အရည်အချင်းမြှင့်တင်ရေးနဲ့ ကျင့်ဝတ်တွေအကြောင်းကို တင်ပြသွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ စာနယ်ဇင်းသမားတွေ သတင်းရယူရာမှာ တရားစွဲဆိုခံရတာတွေ ရှိလာတဲ့အတွက် ကောင်စီအနေနဲ့ စိုးရိမ်ပူပန်မှုရှိခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦး၊ တရားသူကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ စာပို့ပြီး တွေ့ဆုံခွင့်တောင်းခဲ့တာ ဖြစ်သလို အခုလို တွေ့ဆုံမှုဟာ  ပိုမိုကောင်းမွန်တဲ့ အရွှေ့တခုအဖြစ် ရှုမြင်တယ်လို့လည်း ဦးဇော်သက်ထွေးက ပြောပါတယ်။

သတင်းဖော်ပြမှုတွေနဲ့ ပတ်သက်ပြီးတော့ အဓိပ္ပာယ်ကောက်ယူမှု လွဲမှားပြီး နားလည်မှု လွဲကာ မလိုလားအပ်တဲ့ ပြဿနာအခက်အခဲတွေ ပြေလည်အောင် နောင်မှာ မီဒီယာတွေနဲ့ တပ်မတော်အကြား နားလည်မှု ပိုမိုရရှိဖို့ အတွက် စာနယ်ဇင်းကောင်စီ(ယာယီ)က တွေ့ဆုံဖို့ မေတ္တာရပ်ခံခဲ့တာလို့  ကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က မီဒီယာအပေါ်မှာ အလေးအနက် ထားတယ်လို့ မြင်ပါတယ်။ စာနယ်ဇင်းကောင်စီအပေါ်မှာရော၊ သတင်းမီဒီယာအပေါ်မှာရော၊ စာနယ်ဇင်းကောင်စီဆိုတာက မီဒီယာလောက ကိုယ်စားပြုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် စာနယ်ဇင်းကောင်စီကို လက်ခံ တွေ့ဆုံဖို့ ဆုံးဖြတ်တာဟာ မီဒီယာအပေါ်မှာ အလေးအနက် ထားတဲ့ သဘောသက်ရောက်ပါတယ်၊ နောက်တခုက အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေလည်း ကြုံရလာလိမ့်မယ်လို့ ပထမအဆင့် ခြေလှမ်းလို့ပဲ ကျနော် ယုံကြည်ပါတယ်။”

ဒီတွေ့ဆုံပွဲမှာ တပ်မတော်ဘက်က ဘယ်သူတွေ တက်ရောက်မယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘဲ စာနယ်ဇင်းကောင်စီယာယီဘက်ကတော့  ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ကြမယ်လို့ ဆိုပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ