Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အိုင်အက်စ်အဖွဲ့ ချေမှုန်ရေး ရေရှည်လုပ်ရဟု အမေရိကန်ပြော

$
0
0

အမေရိကန် ကာကွယ်ရေး ၀န်ကြီးချော့ ဟေဂဲလ်က ဆီရီးယားနိုင်ငံ ကိုဘာနီမြို့မှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ အရမ်း ခက်ခဲတဲ့ ပြသနာ ဖြစ်တယ်လို့  အောက်တိုဘာ ၁၁ ရက်က ပြောကြားလိုက်ပါတယ်။

အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ တိုက်ခိုက်ရေးသမားတွေက ကိုဘာနီမြို့ကို သိမ်းလိုက်ရင် လူထောင်နဲ့ချီပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံမရမှု ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ သတိပေးထားတာပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဟာ တောင်အမေရိက ၃ နိုင်ငံ ခရီးစဉ်အဖြစ် ချီလီကို ရောက်နေစဉ်မှာ အိုက်အက်အဖွဲ့ရဲ့ ပြသနာဟာ အချိန်ယူ ဖြေရှင်းရမယ့်ကိစ္စလို့  ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချော့ဟေဂဲလ်

အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချော့ဟေဂဲလ်

“အိုင်အက်စ်အဖွဲ့ဟာ ကိုဘာနီမြို့ကို ခြိမ်းခြောက်နေပါတယ်။ မြို့ဆင်ခြေဖုံး တော်တော်များများကို သိမ်းထားတယ်ဆိုတာကို သိပါတယ်။ အခြေအနေက အန္တရာယ်များတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ကျနော်တို့ တတ်နိုင်သလောက် အိုင်အက်စ်အဖွဲ့ကို မောင်း ထုတ်နိုင်ဖို့ လေကြောင်းကနေ စစ်ကူပေးနေပါတယ်။ အဲဒီ ဒေသတ၀ိုက်မှာ တိုးတက်မှုတချို့တော့ ရှိပါတယ်။ ဒါပေမယ့် ဒါက ခက်ခဲတဲ့ ပြဿ    နာပါ။ သမ္မတ အိုဘားမား ပြောသလိုပဲ အိုင်အက်စ်အဖွဲ့ကို အင်အားနည်းအောင် ဒါမှမဟုတ် ချေမှုန်းဖို့ကိစ္စ ဟာ ရေရှည်လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။”

ကိုဘာနီမြို့တ၀ိုက်မှာ အမေရိကန် ခေါင်းဆောင်တဲ့ မဟာမိတ်တွေဟာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအုပ်စုကို လွန်ခဲ့တဲ့ ၅ ရက်ကတည်းက လေကြောင်းကနေ တိုက်ခိုက်နေတာပါ။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေဟာ အိုက်အက်စ်စစ်သွေးကြွအုပ်စုကို လေကြောင်း တိုက်ခိုက်မှု အကြိမ် ၅၀ ပြုလုပ်ခဲ့ပါတယ်။ စစ်ဆင်ရေးကြောင့် အိုက်အက်စ်အဖွဲ့တွေ အထိနာပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ထိရောက်မှု မရှိဘူးလို့ မြို့ကို ခုခံ ကာကွယ်နေတဲ့ ကာ့ဒ်တပ်ဖွဲ့က ပြောပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ ကာ့ဒ်လူမျိုးတွေ နေထိုင်တဲ့ မြို့ရဲ့ အစိတ်အပိုင်း အတော်များများကို သိမ်းထားပြီး ဖြစ်ပေမယ့် နယ်စပ်မှာ ရောက်နေတဲ့ တူရကီတပ်တွေက တစုံတရာ ကြားဝင်ဆောင်ရွက်ခြင်း မရှိပါဘူး။

ဆီရီးယား ပြည်တွင်းစစ်ကို စောင့်ကြည့်နေတဲ့ အဖွဲ့ရဲ့ အဆိုအရ တူရကီက နယ်စပ်ဂိတ်တွေကို မဖွင့်ပေးရင် ကာ့ဒ်တပ်ဖွဲ့ဟာ ကိုဘာနီမြို့ စစ်ပွဲမှာ ရှုံးနိမ့်မယ်လို့ ဆိုပါတယ်။ တူရကီဘက်ကလည်း ဒီလို ခွင့်ပြုပေးဖို့ တုံ့ဆိုင်းနေပုံပါပဲ။

အိုက်အက်စ်အဖွဲ့ကို နှိမ်နင်းနိုင်ဖို့ နိုင်ငံတကာ မဟာမိတ်တည်ဆောက်ရေးမှာ အမေရိကန် ကိုယ်စားလှယ်အနေနဲ့ ဆောက်ရွက်နေတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျွန်အယ်လန်ကလည်း ၀ါရှင်တန်ကို ပြန်ရောက်နေပြီး တူရကီရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ တိုးတက်မှု တစုံတရာ ရရှိတဲ့အကြောင်း သတင်းပို့ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

လာမယ့်အပတ် တူရကီမှာ အမေရိကန် စစ်တပ်က အဖွဲ့တဖွဲ့ ဆွေးနွေးဖို့ ရှိတယ်လို့လည်း အတည်ပြုပါတယ်။

ဆီရီးယား နိုင်ငံဆိုင်ရာကုလသမဂ္ဂ ကိုယ်စားလှယ်ကလည်း တူရကီဘက်ကနေ ကိုဘာနီမြို့ကို သွားပြီး စစ်ကူပေးမယ့် ကာ့ဒ်တပ်တွေကို ဂိတ်ဖွင့်ပေးခြင်းအားဖြင့် ကာ့ဒ်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရမယ့် ဘေးက ကာကွယ်နိုင်အောင် အကူအညီပေးဖို့ တူရကီ အစိုးရကို တိုက်တွန်းထားပါတယ်။ တူရကီအစိုးရကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး။

တူရကီအစိုးရဟာ ပြည်တွင်းမှာ အစိုးရကို စစ်ရေးနည်းနဲ့  တိုက်ခိုက်နေတဲ့ ပီကေကေ ပါတီနဲ့ ဆက်စပ်နေတဲ့ ဆီရီးယား မြေပေါ်က ကာ့ဒ်လူမျိုးတွေကို အကူအညီပေးဖို့ တွန့်ဆုတ်နေပါတယ်။

တူရကီအစိုးရက နယ်စပ်ဂိတ်ကို ဖွင့်ပေးမယ်ဆိုရင် ထောင်နဲ့ချီတဲ့ ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမားတွေဟာ ကိုဘာနီမြို့ကို ခုခံနေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပေါင်းဖို့ အသင့်ရှိတယ်လို့ ကာ့ဒ်စစ်တပ်က အရာရှိတယောက် ပြောပါတယ်။

အမေရိကန် အရာရှိတွေကတော့ ကိုဘာနီမြို့ဟာ ရက်ပိုင်းအတွင်းမှာပဲ အစ္စလာမ္မစ်သူပုန်တွေ လက်ထဲကို ကျရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကိုဘာနီမြို့ကနေ ပြည်သူတွေ အတော်များများ ထွက်ခွာသွားကြပြီ ဖြစ်ပေမယ့် အသက်ကြီးပိုင်း ၅၀၀ ကနေ ၇၀၀ လောက် မြို့ထဲမှာ ကျန်နေပါတယ်။  လူ ၁ သောင်း ၃ ထောင်ဝန်းကျင်ကတော့  ဆီရီးယားနဲ့ တူရကီ နယ်စပ်မှာ ရောက်နေတယ်လို့  ကုလသမဂ္ဂက ဆိုပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ