အမေရိကန် ပြည်ထောင်စု နယူးယော့ခ်မှာ ရှိတဲ့ JFK လေဆိပ်မှာ အီဘိုလာ ရောဂါစစ်ဆေးမှုတွေကို စတင်ဆောင်ရွက်နေပါတယ်။
အနောက် အာဖရိက နိုင်ငံတွေကနေ လာတဲ့ ခရီးသည်တွေကို ကိုယ်အပူချိန် တိုင်းတဲ့ စစ်ဆေးမှုတွေကို အောက်တိုဘာ ၁၁ ရက်နေ့က စတင်စစ်ဆေးတာပါ။
အီဘိုလာရောဂါကြောင့် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန်းတို့မှာ လူ ၄၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
အဲဒီနိုင်ငံတွေက ခရီးသည်တွေဟာ အမေရိကန်ကို လာရင် JFK လေဆိပ် ဒါမှမဟုတ် တခြား လေဆိပ်လေးခုကို ဆိုက်ရောက်ပါတယ်။
JFK လေဆိပ်မှာ စနေနေ့က စတင်လိုက်ပြီးနောက် နောက်ထပ် လေဆိပ်တွေ ဖြစ်တဲ့ Newark Liberty, Washington Dulles, Chicago O’Hare, Hartsfield-Jackson Atlanta လေဆိပ်တို့မှာလည်း အောက်တိုဘာ ၁၆ ရက် စတင်စစ်ဆေးတော့မယ်လို့ သိရပါတယ်။