Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပိုလန်က နာမည်ကြီး ဂျာမဏီအသင်းကို ၂ ဂိုးပြတ် အနိုင်ရ

$
0
0

အောက်တိုဘာ ၁၁ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွေမှာ ပိုလန်က နာမည်ကြီး ဂျာမဏီအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

polandcelebrateပိုလန်အတွက် အနိုင်ဂိုးတွေကို မီလစ်နဲ့ မီလာက သွင်းယူပါတယ်။ ကမ္ဘာ့ချန်ပီယံ ဂျာမဏီအတွက်တော့ ယူရို ခြေစစ်ပွဲစဉ်တွေမှာ ၂၀၀၇ နောက်ပိုင်း  ပထမဆုံး ရှုံးပွဲ တွေ့သွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဂျာမဏီက ဘောလုံးပိုင်ဆိုင်မှုနဲ့ ကစားပုံ ပိုကောင်းပြီး ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။

ဒီပွဲနိုင်လို့ ပိုလန်က  အုပ်စု D မှာ ၆ မှတ်နဲ့ ဦးဆောင်နေပြီး မြောက်အိုင်ယာလန်က ၆ မှတ်နဲ့  အဆင့် ၂ မှာ ရပ်တည်နေပါတယ်။ ဂျာမဏီက ၃ မှတ်နဲ့  အဆင့် ၄ မှာ ရှိနေပါတယ်။


Viewing all articles