Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပေါင်းတည်တွင် ပူးပေါင်းဆောင်ရွက်မှုကြောင့် အကြမ်းဖက်မှု အထမမြောက်

$
0
0

ပဲခူးတိုင်း ပေါင်းတည်မြို့မှာ မနေ့ညက အကြမ်းဖက်ဖျက်ဆီးဖို့ တက်လာတဲ့သူတွေကို နယ်မြေခံ လူငယ်တွေ၊ မြို့မိမြို့ဖတွေ၊ ရဲတပ်ဖွဲ့ အုပ်ချုပ်ရေးမှူးနဲ့ တပ်မတော်သားတွေ စုပေါင်းဖမ်းဆီးလိုက်တယ်လို့ လူငယ်ကွန်ရက် အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ညတုန်းက ၁၀ ဦးကို ဖမ်းလိုက်တယ်။ တက်လာတဲ့သူကတော့ တော်တော်များတယ်။ အဲဒီ ၁၀ ဦးကို ပညာပေးတဲ့အနေနဲ့  လက်ထိတ်တွေခတ် တန်းစီပြီး အချုပ်ထဲကို မောင်းခေါ်သွားပါတယ်။ တက်လာတဲ့သူတွေက ဒီအဖွဲ့ကို မြင်ပြီး နောက်ပြန်ဆုတ်သွားတယ်။”

ဖမ်းဆီးမိထားတဲ့ ၁၀ ဦးကိုလည်း ပေါင်းတည်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ တခြားမြို့က ဖျက်ဆီးရေးသမားတွေက အမိန့်ပေးပြီး ပေါင်းတည်မြို့ကို အခုလို ဖျက်လိုဖျက်ဆီးလုပ်ကြတာလို့ ဆိုပါတယ်။

ပေါင်းတည် အန်အယ်လ်ဒီလူငယ်အဖွဲ့တွေရယ်၊ ရပ်မိရပ်ဖရယ်၊ သုခဆေးခန်းရယ်၊ တပ်မတော်၊ ရဲ အားလုံး ၀ိုင်းထိန်းတဲ့အတွက် ဘာမှမဖြစ်ခဲ့တာလို့ ပြောပါတယ်။

“ရဲအဖွဲ့တွေရော၊ တပ်အဖွဲ့စည်းတွေရော၊ ကွန်ရက်အဖွဲ့ဝင်တွေရော အားလုံး လှည့်လည်ပြီး စောင့်ရှောက်ပေးနေပါတယ်။ ဒီည ဆိုးလာရင် သူတို့ ပစ်မယ်လို့လည်း လုပ်နေပါတယ်။ ကျနော်တို့ကလည်း တခြားနေရာတွေဖြစ်သလို ထွက်ပေါက်ပေးတာတွေ၊ စောင့်ကြည့်တာတွေ မလိုချင်ဘူးလေ။ တခုမှမဖြစ်အောင် စောင့်ရှောက်ဖို့အတွက် အာဏာပိုင်အဖွဲ့အစည်းကိုလည်း အကူညီတောင်းထားပါတယ်။”

ဖမ်းဆီးမိထားတဲ့ ၁၀ ဦးကို ပြန်မလွှတ်ပေးရင် မြို့ကို မီးကွင်းပစ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အပေါ်ကိုလည်း အခုလိုပြောပါတယ်။

“အဲလို မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာပိုင်တွေက လုံးဝ လွှတ်မပေးပါဘူး။ လုံးဝလွှတ်မပေးဘူးလို့ ပြောပါတယ်။ သူတို့ မီးကွင်းပစ်မယ်ဆိုရင်လည်း ဒီမှာ တပ်အင်အားတွေ အများကြီးချထားတယ်။ အမိန့်ထုတ်ထားပြီး ထွက်လာရင် ဖမ်းမယ်၊ ဖမ်းလို့မရရင် မိုးပေါ်ထောင်ပစ်မယ်။ ဒုတိယအနေနဲ့ ထိန်းမရရင် တည့်ပစ်မယ်ဆိုပြီး ထုတ်ထားပါတယ်။”


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)