Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

တောင်းဆိုချက်တွေ မလိုက်လျောရင် ဂျာမန်တဦးကို သတ်မည်ဟု ဖိလစ်ပိုင်စစ်သွေးကြွအဖွဲ့ ခြိမ်းခြောက်

$
0
0

အယ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ဖိလစ်ပိုင် အခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က သူတို့ တောင်းဆိုချက် မရရင် အောက်တိုဘာလ ၁၇ ရက်နေ့ ကျရင် သူတို့ ဖမ်းထားတဲ့ ဂျာမန်နှစ်ယောက်ထဲက တယောက်ကို သတ်ပစ်မယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ နိုင်ငံအနောက်ပိုင်း ပါလ၀န် ကျွန်းကနေ မလေးရှား အရှေ့ပိုင်း ဆာဘာပြည်နယ်ဆီကို ရွက်လွှင့်နေတုန်း ဧပြီလက ပြန်ပေးဆွဲခံခဲ့ရတာပါ။

20ed049ba87a1e38bf9d7923871e88613043620950-1412359856-542ee6b0-620x348စစ်သွေးကြွအဖွဲ့က ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်း တောင်းထားသလို၊ ဆီရီးယားမှာ အမေရိကန်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့ကို တိုက်ခိုက်နေတာကို ဂျာမနီ က အကူအညီ မပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အဘူဆာရစ်အဖွဲ့ရဲ့ ပြောခွင့်ရသူ အဘူ ရာမီ ဆိုသူက အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထားပြီး သူတို့ တောင်းဆိုထားတာကို မလိုက်လျှောရင် ပြန်ပေးဆွဲထားတဲ့ နှစ်ယောက်ထဲက တယောက်ကို ခေါင်းဖြတ် သတ်ပစ်မယ်လို့ နိုင်ငံ တောင်ပိုင်းက ဇမ်ဘိုယန်မြို့ အခြေစိုက် သတင်းထောက်တွေကို တယ်လီဖုန်းကနေ ပြောပါတယ်။

ဂျာမန်အစိုးရဘက်ကလည်း ဘာမှ အဆက်အသွယ်မလုပ်တဲ့အတွက် အစော်ကားခံရသလို ခံစားရတယ်လို့လည်း ပြောပါတယ်။

ဖိလစ်ပိုင် လုံခြုံရေးအရာရှိတွေကတော့ ဂျာမန်နှစ်ယောက်ဟာ တောင်ပိုင်းက ဂျိုလိုကျွန်း တောနက်ထဲမှာ ပြန်ပေးဆွဲခံထားရတယ်လို့ ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ အရင်ကလည်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ ဗုံးခွဲခဲ့ဖူးတဲ့ မှတ်တမ်းရှိသလို တခြား နိုင်ငံခြားသား တွေကို ပြန်ပေးဆွဲထားသေးတယ်လို့လည်း ဆိုကြပါတယ်။


Viewing all articles