Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဖိလစ်ပိုင်တွင် ဟောင်ကောင်ဒီမိုကရေစီရေးဆန္ဒပြမှုကို ထောက်ခံဆန္ဒပြ

$
0
0

ဒါဇင်နဲ့ ချီတဲ့ ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူတွေဟာ ဟောင်ကောင်ကျွန်းက ဒီမိုကရေစီရေးဆန္ဒပြမှုကို ထောက်ခံရင်း ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ ချီတက် ဆန္ဒပြခဲ့ပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနဲ့ ဥပဒေပြုလွှတ်တော်အမတ် ဝေါ်လ်ဒဲန်ဘဲလိုက ခေါင်းဆောင်ပြီး လက်ဝဲယိမ်းအက်ခ်ဘယံအဖွဲ့က ဆန္ဒပြသူတွေဟာ ထီးတွေနဲ့ ပိုစတာတွေ ကိုင်ပြီး တရုတ်ကောင်စစ်ဝန်ရုံးဆီ ချီတက်သွားခဲ့ပါတယ်။

HK Philipineဟောင်ကောင်ဆန္ဒပြပွဲကို ရဲတွေက ငရုတ်ကောင်းရေတွေနဲ့ ဖျန်းပက်ခဲ့စဉ်က ထီးတွေနဲ့ ကာကွယ်ခဲ့ကြလို့ ထီးတော်လှန်ရေးလို့ နာမည်တွင်ခဲ့တာပါ။

ဘဲလိုဟာ ဖိလစ်ပိုင်နိုင်ငံတွင်း ၁၉၈၆ ခုနှစ်က အာဏာရှင်မားကို့စ်ကို တော်လှန်ရေးမှာ ပါဝင်ဖူးသူပါ။

ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းဖို့နဲ့ အင်အားမသုံးဖို့ တရုတ်အစိုးရကို ဘဲလိုက တိုက်တွန်းပါတယ်။

တီယန်နန်မင်ရင်ပြင် နှိမ်နင်းမှုမျိုးနောက်တကြိမ်မဖြစ်ဖို့ကိုလည်း သတိပေးလိုက်ပါတယ်။

ဟောင်ကောက်ရဲ့ စင်ထရယ်ကို သိမ်းပိုက်ရေး ဆန္ဒပြပွဲတွေဟာ ၁၉၈၆ တိန်အန်မင် အရေးတော်ပုံပြီးရင် တရုတ်အစိုးရအတွက် အကြီးဆုံး နိုင်ငံရေးစိန်ခေါ်မှုတွေထဲက တခုပါ။

ခုတော့ ဟောင်ကောင်မှာ ဒါဇင်နဲ့ချီတဲ့ အစိုးရလိုလားသူတွေက တန်ပြန်သပိတ် ဆင်နွှဲမှုတွေ ကြာသာပတေးနှောင်းပိုင်းက စတင် ဆင်နွှဲလာပါတယ်။

ဒီမိုကရေစီရေး လိုလားတဲ့ ထောင်သောင်းချီနေတဲ့ ဆန္ဒပြသူတွေက ဒီနေ့ည သန်းခေါင်ကို နောက်ဆုံးထားပြီး ရာထူးကဆင်းပေးဖို့ တောင်းဆိုထားလို့ နောက်ဆုံးရအခြေအနေတွေကို ကမ္ဘာ့တလွှားက မီဒီယာတွေက အာရုံစိုက် စောင့်ကြည့်နေကြပါတယ်။


Viewing all articles