Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

စစ်သွေးကြွများကြောင့် အီရတ်ပြည်သူ ၁.၈ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

$
0
0

အစ္စလာမ့်မစ်ပြည်ထောင်စုတပ်ဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကြောင့် ဇန်နဝါရီလကနေ ခုထိ အီရတ်ပြည်သူ ၁.၈ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ အကူအညီ ပေးရေး အဖွဲ့ရဲ့ ခေါင်းဆောင် ဗလာရေအားမော့စ်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က  ပြောပါတယ်။

aa7d5a7ef75f9834a9951445f61c62859ca98e88အစွန်းရောက် ဆွန်နီမွတ်စလင် စစ်သွေးကြွအုပ်စုဖြစ်တဲ့ အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယားနိုင်ငံတွင်းမှာ အစက အခြေစိုက်ပြီး အီရတ်နိုင်ငံ မိုဆူးလ်နဲ့ တီကရစ်မြို့တွေကို ဇွန်လက သိမ်းပိုက်ခဲ့ပြီးနောက် ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။

ဆွန်နီ၊ ရှီးယားမွတ်စလင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ယာဇီဒီနဲ့ ကာ့ဒ်စ် လူမျိုးတွေကို သတ်ခဲ့မှုကြောင့် သူတို့ကို ကမ္ဘာ့တလွှား ထိတ်လန့်ချောက်ချားခဲ့ကြပါတယ်။

ခုတော့ အီရတ်ဟာ လူသားချင်းစာနာမှု အကျပ်အတည်းကို အသည်းအသန် ရင်ဆိုင်နေရတယ်လို့ လူသားချင်းစာနာမှုနဲ့ အရေးပေါ်သက်သာချောင်ချိရေး ညှိနှိုင်း ဆောင်ရွက်ရေးမှူးနဲ့ ကုလသမဂ္ဂဒုအတွင်းရေးမှူးချုပ် ဗလာရေ အားမော့စ်က ပြောပါတယ်။

“ခုလို လူတွေ အစုလိုက်အပြုံလိုက်ကျလာတာဟာ နေစရာအကြီးအကျယ် အကျပ်ရိုက်တယ်။ မိသားစုတဝက်ကျော်က ဥယျာဉ်တွေနဲ့ တခြားအမိုးအကာမဲ့ နေရာတွေမှာ၊ လမ်းဘေးတွေမှာ၊ ဆောက်လုပ်ဆဲ အဆောက်အဦတွေမှာ၊ ဘာသာရေး အဆောက်အဦတွေနဲ့ ကျောင်းတွေမှာ နေရတယ်။ ဒိုဟပ်ခရိုင်တွင်း ကျောင်းပေါင်း ၆၅၀ မှာ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေကို လက်ခံထားရတယ်။ ထောင်နဲ့ချီတဲ့ ကာဒစ်ရှ် ကျောင်းသားတွေလည်း ဒီနှစ် စာသင်ချိန်မှာ ကျောင်းမနေနိုင်ကြဘူး။”

အီရတ်နိုင်ငံတွင်းက စစ်ရေးနဲ့ လူသားချင်း စာနာမှုအရေးတွေအပေါ် ဆောင်ရွက်စရာ စီမံကိန်းတွေ ရေးဆွဲဖို့ စက်တင်ဘာ ၁၅ ရက် ဒီနေ့မှာ အီရတ်အာဏာပိုင်တွေနဲ့ နိုင်ငံ၂၀ က ကိုယ်စားလှယ်တွေက ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာ ညီလာခံ ကျင်းပနေပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဝန်ကြီးဌာနအဆင့် အစည်းအဝေးနဲ့ ဒီလကုန်ပိုင်းမှာတော့  ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း နိုင်ငံ ခေါင်းဆောင်များအဆင့် အစည်းအဝေးတွေကို ကျင်းပဖို့ ရှိနေပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ