Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

စစ်ကိုင်းတွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ

$
0
0

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို မကျေနပ်လို့  စစ်ကိုင်းမြို့က တက္ကသိုလ်ကျောင်းသားတွေ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Sagain Student Protest copyစစ်ကိုင်းမြို့က စစ်ကိုင်း ၀ိဇာနဲ့သိပ္ပံ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ သမ၀ါယမ တက္ကသိုလ်တွေ က ကျောင်းသူကျောင်း သား ၃၀ ကျော်က  သူတို့ရဲ့ ကျောင်းတွေရှေ့ မှာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

Sagain Student Protest 2 copyအမျိုးသားပညာရေးဥပဒေ မူကြမ်းဟာ  ခေတ်ပညာ တတ်ကျောင်းသားတွေ ကို မွေးထုတ်ပေးနိုင်မှာ မဟုတ်ဘဲ ကျွန်သပေါက်တွေ ပဲ မွေးထုတ်ပေးမယ့် စနစ်သာ ဖြစ်တဲ့အတွက် ဖျက်သိမ်းပြီး ပြန်လည်ရေး ဆွဲရေး၊ မတရားထုတ်ပြန်ထား တဲ့ ကျောင်းစည်းကမ်းတွေ ဖျက်သိမ်းရေး၊ ကျောင်းသားထုအခွင့်အရေး ရရှိရေးတွေအတွက် ဆန္ဒပြတာလို့ ဆန္ဒပြဦးဆောင်သူ တဦးဖြစ်တဲ့ သမ၀ါယမတက္ကသိုလ်ကျောင်းသား ကိုမင်းထက်စိုးက ပြောပါတယ်။

Sagain Student Protest 1 copyဆန္ဒပြကျောင်းသားတွေ ဟာ အဆိုပါ တက္ကသိုလ် ၃ ခု ရှေ့သွားပြီး တောင်းဆို ဆန္ဒပြခဲ့ကြ တာ ဖြစ်ပါတယ်။

ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး  အာဏာပိုင်တွေကတော့ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့တုန်းကလည်း မုံရွာတက္ကသိုလ် ကျောင်းသူကျောင်းသား တွေက အမျိုးသားညာရေးဥပဒေမူကြမ်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Sagain Student Protest 3 copyပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းဟာ ဗဟိုချုပ်ကိုင်မှု များလွန်းတယ်ဆိုပြီး  ကျောင်းသားသမဂ္ဂတွေ၊  တက္ကသိုလ်ဆရာနဲ့ ဆရာများသမဂ္ဂနဲ့ ပြည်တွင်းက ပညာရေးကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့  ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့(အန်အန်အီးအာ)တို့ကလည်း ကန့်ကွက်ထားတာ ဖြစ်ပါတယ်။


Viewing all articles