Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရေး စာပေအနုပညာရှင်များ အကူအညီလိုဟုဆို

$
0
0

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ၀ိုင်းဝန်းကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က စာပေအနုပညာရှင်တွေကို ပန်ကြားလိုက်ပါတယ်။

dvb2ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ မနက်ပိုင်း ရန်ကုန်မြို့၊ တော်ဝင်နှင်း ဆီ ခန်းမမှာ အောက်မြန် မာပြည်က စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေ နဲ့ တွေ့ဆုံရာ မှာ ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေး ပြည့်ပြည့်၀၀ မရသေးပဲ ပကတိအခြေအနေကို စာပေအနုပညာရှင်တွေအနေနဲ့ အများသိအောင်ပြောဖို့ လိုတယ်လို့ ပြောပါတယ်။

စာပေအနပညာရှင်တွေဘက်က သတင်းလွတ်လပ်ခွင့်၊ ပုံနှိပ်ထုတ်ဝေမူဥပဒေကိစ္စ၊ သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ကိစ္စတွေ တင်ပြခဲ့ကြပါတယ်။

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ စာရေးဆရာမ စန်းစန်းနွဲ့ (သာယာဝတီ) ကလည်း ၅၉ (စ) လုံး၊ ၄၃၆ ပြင်ဆင်ရေး၊ ပီအာ စတဲ့ အရေးပါတဲ့ကိစ္စရပ်တွေကို အရေးမပါတဲ့ ကိစ္စတွေထက် သတိထားရေးသားဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ ဥက္ကဋ္ဌ ဆရာထက်မြက်ကလည်း လက်ရှိအချိန်အထိ စာပေလောကသားတွေဟာ အဖိနှိပ်ခံနေရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီ ပါတီအနေနဲ့ စာပေသမားတွေဘက်က ရပ်တည်ပေးစေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စာပေသမားတွေရဲ့ တင်ပြမူအပြီးမှာ စာပေလောကသားတွေလိုအပ်ရင် ၁၉၉၅ ခုနှစ်တည်းက ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူအဖွဲ့က ကူညီဖို့ အသင်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်မြန်မာပြည် စာပေသမားတွေနဲ့ မန္တလေးမြို့မှာ ယခင်က တွေ့ဆုံခဲ့ပြီး ဖြစ်ပြီး အခု အောက်မြန်မာပြည်က စာပေသမားတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့တာပါ။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

 


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ