ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယား ဟာ စစ်တွေမြို့မှာ စစ်တွေမြို့မိမြို့ဘတွေနဲ့ တွေဆုံပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မူစလင်တွေကြား အတူယှဉ်တွဲနေထိုင်ဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။
သြဂုတ်လ ၂၃ ရက်နေက ရခိုင်ပြည်နယ် Ecc ရုံးမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ တွေဆုံပွဲမှာ ပြောကြားခဲ့တာပါ။
ဒါ့အပြင် ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားဖို့အတွက် ကြိုးစားကြဖို့နဲ့ ကုလအနေနဲ့လည်း ဘက်လိုက်မှု ရှိတယ်ဆိုတဲ့ အမြင်မျိုးတွေ မမြင်ကြဖို့အတွက်လည်း ဒေသခံတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။
ရခိုင်တိုင်းရင်းသား မြို့မိမြို့တွေကတော့ ၁၉၈၂ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး နိုင်ငံသားဖြစ်ခွင့်ရသူများနဲ့သာ အတူယှဉ်တွဲနေထိုင်ဖို့အတွက် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။