Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အင်အားပြင်း ငလျင်လှုပ်၊ လူ ၄၀၀ ခန့် သေဆုံး

$
0
0

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ သြဂုတ် ညနေ ၄ နာရီခွဲက အင်အား ၆.၅ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် လူအနည်းဆုံး ၃၈၁ ဦး သေဆုံးခဲ့ပြီး ၂၀၀၀ နီးပါး ဒဏ်ရာရခဲ့ကြပါတယ်။

_76712544_023391695-1ယူနန်ပြည် နယ် ဇောင်တောင် (Zhaotong)   မြို့အောက် ၆ မိုင်မှာအနက်မှာ ငလျင်ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ အမေရိ ကန်မြေငလျင် တိုင်းတာရေးက ဆိုပါတယ်။

ဒီနေ့မှာလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်းလုပ်ဆောင်နေကြပြီး တရုတ်စစ်သား ၂၅၀၀ ကျော်၊ ဒေသတွင်း မီးသတ်သမား ၉၀၀ ကျော်၊ မီးသတ်ကား ၁၄၁ စီး၊ အသက်ကယ်စုံစမ်းရေး ခေတ်မီကိရိယာတွေ၊ အနံ့ခံခွေးတွေနဲ့ ရှာဖွေနေကြပါတယ်။

တရုတ်နိုင်ငံရဲ့ အရေးပေါ်ကယ်ဆယ်ရေးအထူးအဖွဲ့ အဖွဲ့ဝင် ၁၀၀ ဟာလည်း ပီကင်းမြို့တော်ကနေ ရောက်ရှိလာကြပါတယ်။

ဒေသခံ ချန်ဒူ (Chengdu) လေတပ်ဌာနချုပ်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် လေယာဉ်တွေ အားဖြည့်ပေးခဲ့ပါတယ်။

၁၄ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်လို့ ယူနန်အာဏာပိုင်တွေက ဆိုကြပြီး အိမ်ခြေ ၃ သောင်းလောက် ပျက်စီးခဲ့ပါတယ်။

အရင်ရက်တွေက အဲဒီဒေသမှာ မိုးရက်ဆက် ရွာထားပြီး မြေပြို လမ်းပိတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ရေး အခက်အခဲ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်းက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစွမ်းကုန်လုပ်ဆောင်ဖို့ တိုက်တွန်းထားပြီး ၀န်ကြီးချုပ် လီကျွီကျွင်း (Li Keqiang) ဟာလည်း အဲဒီဒေသကို သွားရောက် Mကည့်ရှုဖို့ရှိပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းက အခုလို အများအပြားသေဆုံးခဲ့မှုအတွက် စိုးရိမ် ထိတ်လန့်ခဲ့ကြောင်း ပြောဆိုပြီး လိုအပ်ရင်ကူညီဖို့ အဆင်သင့်ဖြစ်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုပါတယ်။

ဒီနေ့မနက်မှာ လျှပ်စစ်မီးတွေကိုတော့ ပြန်ပေးနိုင်ခဲ့ပါတယ်။ ဒေသခံ အုပ်ချုပ်ရေးအာဏာပိုင်တွေက ယာယီတဲတွေ၊ အိပ်ယာတွေ၊ စောင်တွေနဲ့ အ၀တ်အထည်တွေကိုလည်း ငလျင်ဒဏ်ခံပြည်သူတွေအတွက် ပေးပို့ခဲ့ပါတယ်။

ယူနန်ပြည်နယ်ဟာ ငလျင်ကြောပေါ်မှာ တည်ရှိတာကြောင့် မကြာခဏ ငလျင်လှုပ်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ ၂၀၀၈ စိချွမ်းငလျင်လှုပ်ခဲ့တုန်းက လူသောင်းချီသေဆုံးခဲ့ပြီး ၁၉၇၀ ယူနန်ငလျင်တုန်းကလည်း လူအနည်းဆုံး ၁ သောင်းခွဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။


Viewing all articles