Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ယူ ၁၂ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် တိုကျိုက မြန်မာကလေးငယ် ၂ ဦး ဂျာမနီကို ထွက်ခွာ

$
0
0

ဂျပန်နိုင်ငံရောက် မြန်မာမိသားစုတွေက မွေးဖွားလာတဲ့ မောင်ကောင်းဇံမြနဲ့ မောင်သက်ရင်မျိုးတို့ဟာ တိုကျို ယူ ၁၂ လက်ရွေးစင်ဘောလုံးအသင်းမှာ ဂိုးသမားတွေအဖြစ် ရွေးချယ်ခံရပြီး ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံတကာ ယူ ၁၂ ဘောလုံးပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ထွက်ခွာသွားကြပါပြီ။

တိုကျိုမြို့တော်မှာ ယူ၁၂ လက်ရွေးစင်အသင်းအတွက် ဂျပန်နိုင်ငံတ၀ှမ်းက အသက် ၁၂ နှစ်အောက် လူငယ်အားကစားသမား ၉၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့် ၂၁ ယောက်မှာ မောင်ကောင်းဇံမြနဲ့ မောင်သက်ရင်မျိုးတို့ ရွေးချယ်ခံရတာပါ။

မောင်ကောင်းဇံမြရဲ့ဖခင်ဟာ မြန်မာ့လက်ရွေးစင် ဘော်လီဘော ကစားသမားဟောင်း တဦး ဖြစ်သလို မောင်သက်ရင်မျိုးရဲ့ ဖခင်ဟာလည်း မြန်မာတင်းနစ် ချန်ပီယံဟောင်း တယောက် ဖြစ်ပါတယ်။

နိုင်ငံတကာ ယူ ၁၂ ဘောလုံးပြိုင်ပွဲကို ဂျာမနီနိုင်ငံမြို့တော် ဘာလင်မှာ သြဂုတ် ၁ရက်နေ့က ၁၀ရက်နေ့အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ဇော်ဇော်လှိုင်
1560701_741769739194862_9049255792210436592_n 10492217_741769649194871_3761906877159744590_n 10527514_741769689194867_4733035309513926645_n 10547505_741769825861520_1238428243687681396_n


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ