Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အဲမန္တလေး မစ်ဆူဘီရှီကနေ လေယာဉ် ၆ စင်း ၀ယ်မည်

$
0
0

PlanespottersNet_073298ပြည်တွင်းခရီးစဉ်တွေမှာ ပြေးဆွဲ အောင်မြင်မှုရနေတဲ့ အဲမန္တလေးလေကြောင်းဟာ ဂျပန်အခြေစိုက် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်တဲ့ မစ်ဆူဘီရှီ အဲခရပ်ဖ် ကော်ပိုရေးရှင်းကနေ အမေရိကန်ဒေါ်လာ သန်း ၂၈၀ ကျော် တန်ဖိုးရှိ လေယာဉ် ၆ စင်း ၀ယ်ယူ ဖြည့်တင်းသွားမယ် ဖြစ်ပါတယ်။

စာချုပ်ပါ သဘောတူညီချက်အရ မစ်ဆူဘီရှီဟာ ၂၀၁၈ ခုနှစ်ကစ အဲမန္တလေးကို လေယာဉ်တွေ စပို့ပေးရမှာ ဖြစ်ပြီး ၁ စီးကို အမေရိကန်ဒေါ်လာ ၄၇ သန်း ကျသင့်မယ် ဖြစ်ပါတယ်။
အဲမန္တလေးဟာ ရန်ကုန်ကို အခြေစိုက်ပြီး ပြည်တွင်းခရီးစဉ် ၁၆ ခု ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတခုလည်း ဖြစ်ပါတယ်။

ဂျပန်ကုမ္ပဏီကြီးတခု ဖြစ်တဲ့ မစ်ဆူဘီရှီဟာ အယောက် ၈၀ နဲ့ ၉၀ ကျော် စီးနင်းနိုင်တဲ့ ဂျက်လေယာဉ်တွေကို ၂၀၀၈ ခုနှစ်က စ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။


Viewing all articles