Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မလေးရှားလေယာဉ် ပစ်ချမှု တကမ္ဘာလုံးကို စိန်ခေါ်မှုဖြစ်ဟု ယူကရိန်းသမ္မတပြော

$
0
0

ယူကရိန်းသမ္မတ ပေထရိုပိုရိုရှန်ကိုက အကြမ်းဖက်သမားတွေက ယူကရိန်း အရှေ့ပိုင်းကို ဖြတ်ပျံတဲ့ မလေးရှားလေယာဉ်ကို ပစ်ချတိုက်ခိုက်မှုဟာ တကမ္ဘာလုံးကို စိန်ခေါ်မှုပဲလို့ ပြောပါတယ်။

မလေးရှားလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ အမျိုးအစား ခရီးသည်တင်လေယာဉ်ဟာ ရုရှားနဲ့ ယူကရိန်းနယ်စပ် စစ်ပွဲဇုန်မှာ မနေ့က ပစ်ချခံရလို့ လေယာဉ်ပေါ် ပါတဲ့လူ ၂၉၅ ယောက်လုံး သေဆုံးခဲ့ပါတယ်။

indexမလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို ပျံသန်းတဲ့ လေယာဉ်ကို ဆိုဗီယက်ခေတ် SA11 မြေပြင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတာပါ။

ယူကရိန်းကတော့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားစစ်သွေးကြွတွေကို စွပ်စွဲပါတယ်။ ဒန်ညက်စ်ပြည်သူ့သမ္မတနိုင်ငံလို့ ကြေညာထားတဲ့ သူပုန်ခေါင်းဆောင်တွေကတော့ ပါဝင်ပတ်သက်မှု အားလုံးကို ငြင်းပါတယ်။

ဒါပေမယ့် အဲဒီတချိန်တည်းမှာတင် သူပုန်စစ်တပ်ခေါင်းဆောင်က သူ့တပ်တွေဟာ ယူကရိန်းခရီးသည်တင် လေယာဉ်တစီးကို ပစ်ချလိုက်တယ်လို့ ပြောပါတယ်။ ဒါဟာ ရက်သတ်တပတ် ၁ ပတ်အတွင်း  ၃ ကြိမ်မြောက် ပစ်ချမှု ဖြစ်ပါတယ်။

ယူကရိန်းလုံခြုံရေးခေါင်းဆောင် ဗလန်တင် နလီဗိုင်ချန်ကာကတော့ ရုရှစစ်ထောက်လှမ်းရေး အရာရှိ ၂ ဦးကို မလေးရှားလေယာဉ်ပျက်ကျရာမှာ ပါဝင်မှုရှိတယ်လို့ ဖုန်းကြားဖြတ်နားထောင်မှုကို အခြေပြု စွပ်စွဲပါတယ်။

အမေရိကန်နိုင်ငံ တောင်ကာလိုရိုင်းနား တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဌာန ဒါရိုက်တာ ပါမောက္ခ ရောဘတ် အင်္ဂလိပ်ကတော့ ဒီမတော်တဆမှုဟာ ရုရှားသမ္မတ ပူတင်ကို ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့ ခပ်ခွာခွာနေဖို့ ဖိအားပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂစ်ရာဇဲ့ခ်ကတော့ မလေးရှားလေယာဉ်ဟာ ပစ်ချခံရတာမှန်ရင် တာဝန်ရှိသူတွေကို အမြန်တရားစီရင်ဖို့ တောင်းဆိုပါတယ်။

ပျက်ကျတဲ့နေရာမှာ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အ၀လုပ်ရမယ့်အရေး အမေရိကန် သမ္မတ ဘားရတ် အိုဘားမားနဲ့ ဆွေးနွေးပွဲအတွင်း သဘောတူခဲ့ပြီးပြီလို့ ဆိုပါတယ်။

သြစတြေးလျဝန်ကြီးချုပ်ကတော့ ရုရှားကျော ထောက်နောက်ခံပေးထားတဲ့ သူပုန်တွေဟာ မလေးရှားလေယာဉ်ကို ယူကရိန်းနယ်ထဲမှာ ပစ်ချခဲ့ပုံရတယ်လို့ လွှတ်တော်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

မလေးရှားလေကြောင်းကုမ္ပဏီရဲ့ ဥရောပ ဥက္ကဋ္ဌ ဂေါ်တာကတော့ လေယာဉ်ပေါ်ပါတဲ့ နိုင်ငံသား အသေးစိတ်ကို နယ်သာလန်နိုင်ငံ စခီဖူလ်လေဆိပ်မှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ အတွင်း ကြေညာပါတယ်။

လေယာဉ်ပေါ်မှာ နယ်သာလန်နိုင်ငံ သား ၁၅၄ ယောက်၊ သြစတြေးလျ ခရီးသည် ၂၇ ယောက်၊ မလေးရှား ၂၃ ယောက်၊ အင်ဒိုနီးရှား ၁၁ ယောက်၊ ဗြိတိန် ၆ ယောက်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့က ၄ ယောက်စီ၊ ဖိလစ်ပိုင် ၃ ယောက်နဲ့ ကနေဒါနိုင်ငံသား ၁ ယာက်တို့ အသီးသီး ပါဝင်တယ်လို့ ဆိုပါတယ်။

ကျန်တဲ့လူတွေကတော့ ဘယ်နိုင်ငံသားတွေဆိုတာ ခွဲခြား မရသေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

 


Viewing all articles