Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မလေးရှားလေယာဉ် ပစ်ချခံရ၊ ၂၉၅ ဦး သေဆုံး

$
0
0

မလေးရှားလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ အမျိုးအစား ခရီးသည်တင်လေယာဉ်တစီး ရုရှနဲ့ ယူကရိန်းနယ်စပ် စစ်ပွဲဇုန်မှာ မနေ့က ပစ်ချခံရလို့ လေယာဉ်ပေါ် ပါတဲ့လူ ၂၉၅ ယောက်လုံး သေဆုံးပါတယ်။

Site of a Malaysia Airlines Boeing 777 plane crash is seen at the settlement of Grabovo in the Donetsk regionမလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို ပျံသန်းတဲ့ လေယာဉ်ကို ဆိုဗီယက်ခေတ် SA11 မြေပြင် က ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတာပါ။

ယူကရိန်းကတော့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားစစ်သွေးကြွတွေကို စွပ်စွဲပါတယ်။ ဒန်ညက်စ်ပြည်သူ့သမ္မတနိုင်ငံလို့ ကြေညာထားတဲ့ သူပုန်ခေါင်းဆောင်တွေကတော့ ပါဝင်ပတ်သက်မှု အားလုံးကို ငြင်းပါတယ်။

ဒါပေမယ့် အဲဒီ တချိန်တည်းမှာတင် သူပုန်စစ်တပ်ခေါင်းဆောင်က သူ့တပ်တွေဟာ ယူကရိန်းခရီးသည်တင် လေယာဉ်တစီးကို ပစ်ချလိုက်တယ်လို့ ပြောပါတယ်။ ဒါဟာ ရက်သတ်တပတ် ၁ ပတ်အတွင်း ၃ ကြိမ်မြောက် ပစ်ချမှု ဖြစ်ပါတယ်။


Viewing all articles