Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပြည်သတင်းထောက် ကိုရေခဲကို တရားရုံးက ဒဏ်ငွေပြစ်ဒဏ်ချမှတ်

$
0
0
Ye Khe (Mizzima)

ပြည်သတင်းထောက် ကိုရေခဲ

ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သတင်းထောက် ကိုရေခဲကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီ ဒီကနေ့ ညနေပိုင်းမှာ တရားရုံးက ဒဏ်ငွေ ၂ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေးအတွက် ပြည်အခြေစိုက် သတင်းထောက် တွေက ဇွန်လထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒပြပွဲခေါင်းဆောင် ကိုရေခဲကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

တရားမ၀င်စီတန်းလှည့်လည်တဲ့ ပုဒ်မ-၁၈ နဲ့ ကိုရေခဲကို ပြည်ခရိုင်တရားရုံးက ရုံးချိန်း ၁၀ ကြိမ်လောက် ခေါ်ယူခဲ့ပြီး ဒီကနေ့ညနေမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။


Viewing all articles