Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပို့ကုန်သွင်းကုန် လိုင်စင် ဖြေလျော့ပေးပြီးနောက် Export မှောင်ခို ပိုများ

$
0
0

mobile team copyအခွန်မဆောင်ပဲ နယ်စပ်ကနေ တရားမ၀င် မှောင်ခို တင်ပို့မှုတွေဟာ ပို့ကုန် သွင်းကုန် လိုင်စင် ကင်းလွတ်ခွင့် ပေးပြီးနောက်ပိုင်း ပိုများလာတယ်လို့ စီးပွား-ကူးသန်း ၀န်ကြီးဌာန ရန်ကုန် မိုဘိုင်းတင်းမ် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းကနေ နယ်စပ်ကို ပို့ကုန်အဖြစ် သယ်သွားတဲ့ ကားတွေဟာ လိုင်စင် ကြိုတင်ယူစရာ မလိုတဲ့အတွက် လမ်းကနေ ကြားဖြတ် စစ်ဆေးလို့ မရပါဘူး။ စည်းကမ်းအရ နယ်စပ်ရောက်မှ ပို့ကုန် လိုင်စင်လုပ်၊ အခွန်ဆောင်ပြီး တဖက်နိုင်ငံ တင်ပို့ရမှာဖြစ်ပေမယ့် နယ်စပ်မရောက်ခင် လမ်းကြောင်းပြောင်းပြီး မှောင်ခိုပို့ကြတယ်လို့ ဆိုပါတယ်။

တရုတ်နယ်စပ် မူဆယ် လမ်းကြောင်းမှာရော၊ ထိုင်းနယ်စပ် မြ၀တီ လမ်းကြောင်းမှာပါ ဒီလိုလုပ်တာများတဲ့အတွက် Export ကုန်ပစ္စည်း အတော်များများ မှောင်ခိုဖြစ်ကုန်ပြီး အခွန်လည်း အရနည်းလာတယ်လို့ သူက ရှင်းပြပါတယ်။


Viewing all articles