Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး အစည်းအဝေး ကျင်းပမည်

$
0
0

မြန်မာ-တရုတ်နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ အန်ဝှေးပြည်နယ် Huang Shan မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

china-myanmar flagအခုကျင်းပမယ့် ၇ ကြိမ်မြောက် အစည်းအဝေးမှာ ၆ ကြိမ်မြောက် အစည်းအဝေးက ဆုံးဖြတ်ထားတဲ့ ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးနဲ့ တရားစီရင်ရေး၊ လူကုန်ကူး ခံရသူတွေကို ကာကွယ်စောင့်ရှောက်ရေးတို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာဘက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ နိုင်ငံ ဖြတ်ကျော် မှုခင်းဌာနတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ်လို့ မြ၀တီသတင်းက ရေးပါတယ်။

မြန်မာ အမျိုးသမီးတွေ လူကုန်ကူးခံရပြီး အများဆုံး ရောက်ရှိခဲ့တဲ့ ပြည်နယ်ကတော့ ဟဲနန်ဖြစ်ပြီး ၄၃ ဦး၊ ကျန်းစုမှာ ၁၇ ဦး၊ စီချွမ်မှာ ၁၂ ဦး၊ အန်ဝှေးမှာ ၉ ဦး၊ ရှန်းတုန်းမှာ ၉ ဦး၊ ဟူဘဲမှာ ၈ ဦး၊ ဟီဘဲမှာ ၈ ဦး၊ ဟူနန်မှာ ၅ ဦး၊ ယူနန်မှာ ၄ ဦး၊ ရှန်းဇီးမှာ ၃ ဦးနဲ့ ဖူးကျန်းမှာ ၂ ဦးတို့ ဖြစ်တယ်လို့ မြ၀တီသတင်းအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ  ၉ လအတွင်း ဖြစ်ပွားတဲ့ လူကုန်ကူးမှု စုစုပေါင်း  ၆၉ မှုအနက်  အနက်  ၄၂ မှုဟာ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် အဓမ္မ ထိမ်းမြားလက်ထပ်ဖို့ ရောင်းစားမှုတွေဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံက သိရပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ