Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အီဂျစ်နိုင်ငံ ကိုင်ရိုတွင် ဗုံးကွဲ၊ အရာရှိ ၂ ဦး သေဆုံး

$
0
0

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ ဗုံးပေါက်ကွဲမှုတွေအတွင်း အီဂျစ်အရာရှိ ၂ ဦး သေဆုံးခဲ့တယ်လို့ အီဂျစ်စစ်တပ်နဲ့ အီဂျစ်ရုပ်မြင်သံကြားကဆိုပါတယ်။

ဗုံးတလုံးဟာ သမ္မတအိမ်တော်နားမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး နောက်တလုံးကတော့ အချိန်ခြားပြီး တမြို့နယ်ထဲမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

EGYPTအီဂျစ်စစ်သွေးကြွအုပ်စု တခုဖြစ်တဲ့ အီဂျစ်စစ်သည်တော် တပ်ဖွဲ့က အီဂျစ်လုံခြုံရေးတွေကို ပစ်မှတ်ထားတဲ့ ဗုံးဖောက်ခွဲမှုတွေ စီစဉ်ထား တယ်လို့ ကြေညာပြီး ရက်ပိုင်းအကြာမှာ အခုလို ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မွတ်စလင်ညီအကိုတော်များပါတီကို အီဂျစ်စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် အစိုးရကို တိုက်ခိုက်ဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလက အီဂျစ်စစ်သွေးကြွအဖွဲ့က တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်က အီဂျစ်သမ္မတ အယ်လ်စီစီ တက်လာပြီးနောက်ပိုင်း ပထမဆုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အီဂျစ်အရာရှိတွေ ကျဆုံးခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေအတွက် လက်တုန့်ပြန်မှာဖြစ်တယ်လို့ အီဂျစ်သမ္မတ အယ်လ်စီစီက ဇွန် ၃၀ ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။


Viewing all articles