သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ၃ နှစ်အတွင်း ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပေါင်း ၄၀၀ နီးပါး ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂ သိန်းနီးပါး ဖန်တီးပေးနိုင်ခဲ့တယ်လို့ မြန်မာ့သတင်းစဉ်ကနေ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
အစိုးရသက်တမ်း ပထမနှစ်မှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၅၀ နီးပါး ကနေ အလုပ်အကိုင် အခွင့်အလမ်း ၁၆၀၀၀ ကျော်၊ ဒုတိယနှစ်မှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၁၆၀ နီးပါးကနေ အလုပ်အကိုင် အခွင့်အလမ်း ၇၅၀၀၀ ကျော်၊ တတိယနှစ်မှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၂၀၀ နီးပါးကနေ အလုပ်အကိုင်အခွင့်အလမ်း ၁ သိန်းကျော် ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်မှု နည်းပါးသေးတာကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ ၃ သန်းကျော် ရှိတယ်လို့ သိရပါတယ်။