Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ငွေကြေးဖောင်းပွမှု တည်ငြိမ်ရေး မူဝါဒချမှတ်ရန် အစိုးရကို တိုက်တွန်း

$
0
0

ပြည်ထောင်စုအစိုးရအနေနဲ့ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေဖို့ မူဝါဒ ချမှတ်ပေးပါ ဆိုပြီး အမျိုးသားလွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။

national parlimentရန်ကုန်တိုင်းမဲဆန္ဒနယ် အမှတ် ၈ က ရွေးကောက်ခံ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြင့်ကြည်က ဒီအဆိုကို တင်သွင်းတာ ဖြစ်ပြီး အမတ်အများစုက ထောက်ခံ ဆွေးနွေးကြပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ငွေကြေးဖောင်းပွမှုပုံစံ အမျိုးမျိုး၊ လက်ရှိ အစိုးရအနေနဲ့ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ပြီး ထိန်းချုပ်နေတဲ့အစီအစဉ် စတာတွေ ရှင်းပြခဲ့ပေမယ့် အဆိုရှင်က လက်မခံတဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မဲခွဲရာမှာ အဆိုကို ထောက်ခံသူက ၉၀ ကျော်၊ ကန့်ကွက်သူက ၁၀ မဲ မပြည့်တဲ့အတွက် အဆိုအနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာကျပ်ငွေတန်ဖိုးဟာ ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေနဲ့ လဲလှယ်ရာမှာ တည်ငြိမ်နေပေမယ့် ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်တက်နေတာကြောင့် ပြည်သူတွေရဲ့ ၀ယ်လိုအား ကျဆင်းနေကြောင်း အမတ်တွေကလည်း ထောက်ပြကြပါတယ်။


Viewing all articles