Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ကမ္ဘာ့ဖလား အုပ်စု (င) သုံးသပ်ချက်

$
0
0

၂၀၁၄ခုနှစ် ဇွန်လ ၁၂ရက်မှာ စတင်တော့မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်နေရာမှာ ဒီနေ့တော့ အုပ်စု (င) အလှည့် ရောက်ပါပြီ။

world cup group eဒီအုပ်စုမှာတော့ ဥရောပနာမည်ကြီး ပြင်သစ်အသင်းနဲ့အတူ ဆွစ်ဇာလန်၊ အီကွေဒေါနဲ့ ဟွန်ဒူးရပ်စ်အသင်းတို့ ပါဝင်နေပြီး ယေဘူယျပြောမယ်ဆိုရင်တော့ ပြင်သစ်အသင်း အုပ်စုတက်မယ်လို့ ပြောနိုင်ပါတယ်။

အိုလံပစ်အားကစားဂျာနယ် အယ်ဒီတာ ကိုဟိန်းသန့်ကလည်း ဒီသဘောပဲ မှတ်ချက်ပေး ပြောပါတယ်။

“ဒီအုပ်စုမှာတော့ အစဉ်အလာအရ အားအကောင်းဆုံးကတော့ ပြင်သစ်လို့ ပြောရမယ်။ ဥရောပ ၂ သင်းပဲပေါ့။ အီကွေဒေါကတော့ တောင်အမေရိက အခြေစိုက်အသင်းဖြစ်ပေမယ့် ဒီနှစ် သူတို့ အသင်းကို ပြန်ကြည့်လိုက်ရင် အတွေ့အကြုံနည်းပြီးတော့ လူငယ်ကစားသမားတွေ များတာ တွေ့ရတယ်။ နောက် ဟွန်ဒူးရပ်စ်ကလည်း မြောက်အမေရိကတိုက် အသင်းဆိုတော့ ဥပရောပဘက်က ဆွစ်ဇာလန်တို့ ပြင်သစ်တို့ကို မှီဖို့လို သေးတယ်။ တဆင့်လောက် လိုနေသေးတဲ့ အသင်းမျိုးဖြစ်တယ်။ ဒါကြောင့် ဒီအုပ်စုက အဖြစ်နိုင်ဆုံးအသင်းက ပြင်သစ်နဲ့ နောက် ဒီတကြိမ်မှာ နည်းပြရအစ ကစားသမားတော်တော်များများကလည်း အတွေ့အကြုံများတဲ့ ဆွစ်ဇာလန်အသင်းပဲ ဒီအုပ်စုမှာ တက်မယ်။ ”

ပြင်သစ်က ဘန်ဇီမာဟာ မြန်မာပရိသတ် စောင့်ကြည့်ရမယ့် ဘောလုံးသမား ဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ဇွန်လ ၁၅ ရက်မှာ ဆွစ်ဇာလန်နဲ့ အီကွေဒေါ၊ ပြင်သစ်နဲ့ ဟွန်ဒူးရပ်စ် အသင်းတို့ အုပ်စုတွင်း ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ