Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ယီမင်ထောက်လှမ်းရေးအရာရှိကို အယ်ကေဒါစစ်သွေးကြွလို့ သံသယရှိသူတဦးက ပစ်သတ်

$
0
0

ယီမင်နိုင်ငံတောင်ပိုင်း လာဟေးဂ်ျခရိုင်မှာ အယ်ကေဒါစစ်သွေးကြွလို့ သံသယရှိသူတယောက်က ထောက်လှမ်းရေး အရာရှိတယောက်ကို မေလ ၃၁ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ဒေသခံ အရာရှိတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဒါဟာ နိုင်ငံတွင်း စစ်ရေး ဦးတည်ချက်တွေကို တိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။

AQAPထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး နတ်ဆား အယ်လ် အစ်စိုင်းက ကားထဲမှာထိုင်နေတုံး စစ်သွေးကြွတွေက စက်သေနတ်နဲ့ ပစ်ခဲ့တာလို့အရာရှိက ပြောပါတယ်။

ယီမင်နိုင်ငံတွင်းက အာရေဗျကျွန်းဆွယ် အယ်ကေဒါအဖွဲ့ AQAP တွေကို အရင်လက တောင်ပိုင်း ခြေကုပ်စခန်းဖြစ်တဲ့ အဘ်ယံနဲ့ ရှာဘွားခရိုင်တွေထဲကနေ ယီမင်စစ်တပ်က မောင်းထုတ်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ ပစ်ပြီး ထွက်ပြေးတဲ့ တိုက်ခိုက်မှုအတော်များများကို ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီနှစ်အတွင်း တခြားအကြီးတန်း အရာရှိ ၂၂ ယောက်ကျော်လည်း အသတ်ခံခဲ့ရပါတယ်။

အနောက်နိုင်ငံတွေကတော့ အယ်ကေဒါ AQAP တပ်တွေဟာ နိုင်ငံတကာ တိုက်ခိုက်မှုတွေ အတွက် ယီမင်နိုင်ငံကို အခြေစိုက်စခန်းအဖြစ် ထားရှိမှာ စိုးရိမ်နေကြတာပါ ယီမင်ဟာ အဓိကရေနံထုတ်လုပ်သူ ဆော်ဒီအာရေဗျနိုင်ငံနဲ့ နယ်နိမိတ်ချင်း ကပ်နေပါတယ်။

ယီမင်အစိုးရ ကတော့ အယ်ကေဒါတွေကိုသာမက တောင်ပိုင်းခွဲထွက်ရေးသမားတွေရဲ့ လွတ်လပ်ရေး ပေးဖို့တွန်း အားပေးမှုကိုပါ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် မြောက်ပိုင်းကို ထိန်းချုပ်ရေး ကြိုးစားနေတဲ့ ရှီးယိုက် မွတ်စလင် လှုပ်ရှားမှုထဲက သူပုန်တွေနဲ့လည်း တိုက်ပွဲ ဖြစ်ပွားနေပါတယ်။


Viewing all articles