Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အမုန်းစကားမပြောဖို့ ဖျာပုံတွင် လှုပ်ရှားမှု ပြုလုပ်

$
0
0

အမုန်းတရားများ ပွားများစေတဲ့ အန္တရာယ်ရှိသော ပြောဆိုမှုများ တားဆီးရေး လှုပ်ရှားမှုတရပ် ဖြစ်တဲ့ ပန်းစကားအဖွဲ့သားတွေဟာ ရန်ကုန်ပြင်ပ ခရီးတခုအဖြစ် ဧရာဝတီတိုင်း ဖျာပုံမြို့ကို သွားရောက်ပြီး အမုန်းတရား မပွားရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ပိုင်စိုး

ဓာတ်ပုံ – ပိုင်စိုး

ဖျာပုံမြို့ခံ လူငယ်တွေရဲ့ ဖိတ်ကြားချက်အရ မေလ ၁၀ရက်က သွားရောက်ခဲ့ကြတာ ဖြစ်ပြီး သူတို့အဖွဲ့ လှုပ်ရှားမှုကို ပန်းစကားအဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က အခုလို ပြောပြပါတယ်။

“ဒါပထမဦးဆုံး ခရီးစဉ်ပေါ့။ မနက် ၉ နာရီခွဲလောက် ရောက်သွားပြီးတော့ ဒေသခံလူငယ်တွေကို ပန်းစကား လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ ရှင်းပြပြီး ဒေသခံလူငယ်တွေနဲ့ ကျနော်တို့ ရန်ကုန်က သွားတဲ့ အဖွဲ့တွေ ပေါင်းပြီး တူညီဝတ်စုံတွေ ၀တ်ဆင်ပြီးတော့ မြို့ကို ပတ်ပြီး စတေကာတွေ လိုက်ကပ်တယ်။ ပိုစတာတွေ ဝေတယ်။ လက်ကမ်းစာစောင်တွေ ဝေတယ်။ လူစည်းကားတဲ့ တချို့နေရာတွေမှာ ကျနော်တို့ ရေးထားတဲ့ လူလူချင်းပဲဆိုတဲ့ သီချင်းကို ဂစ်တာတီးပြီးဆိုဖြစ်တယ်။ စိတ်ဝင်စားပါတယ်။ သူတို့အတွက်တော့ နည်းနည်းတော့ စိမ်းနေတဲ့ သဘောတော့ ရှိတာပေါ့။ ကျနော်တို့အဖွဲ့အနေနဲ့ ဒါ ပထမဦးဆုံး စလုပ်တာဆိုတော့ ဂစ်တာလေးတလုံးတည်းနဲ့ တီးပြတာမျိုးပေါ့နော် အဲဒီအခါကျတော့ နည်းနည်းစိမ်းသလို ဖြစ်နေတာပေါ့။ ဒါပေမယ့် စတေကာတွေ ပိုစတာတွေ ဝေတဲ့အခါကျတော့ ကျနော်တို့စာသားဖြစ်တဲ့ လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့ နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့ စာသားကို တွေ့တဲ့အခါကျတော့ တော်တော်များများက သဘောကျကြပါတယ်။”

အဆင်ပြေရင် တနိုင်ငံလုံးအနှံ့ အခုလိုမျိုး သွားရောက်ပြီး အမုန်းတရာမပွားရေး လှုပ်ရှားမှုတွေ ဆက်လုပ်သွားချင်တယ်လို့လည်း ပြောပါတယ်။

“ကျနော်ကတော့ ဖြစ်နိုင်ရင်တော့ သွားချင်တာပေါ့။ ဒီဘက်မှာက လူအင်အားအခက်အခဲ နည်းနည်းရှိတာပေါ့။ အရမ်းဝေးတဲ့ ဒေသတွေမှာ ဒေသခံတွေက ဖိတ်တယ်ဆိုပေမယ့် ကားခတွေ ဘာတွေက ကျခံရတာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ဖွဲ့စည်းထားတာလည်း စေတနာ့ ၀န်ထမ်းလူငယ်တွေပဲဆိုတော့ အရမ်းဝေးတဲ့နေရာတွေ ကျနော်တို့ သွားနိုင်ပါ့မလားပေါ့။ အဲဒီလိုမျိုးလေးတွေတော့ စဉ်းစားမိတယ်။ ဖြစ်နိုင်ရင်တော့ တနိုင်ငံလုံးအနှံ့ ဒီအကြောင်းလေးကို သေချာရှင်းပြချင်တာပေါ့ဗျာ။ နောက်ပိုင်းလည်း တတ်နိုင်သလောက် သွားဖြစ်မှာပါ။”

ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်တွင်းမှာ ရန်ကုန်၊ မန္တလေးနဲ့ မြို့တချို့မှာ လူအချင်းချင်းအကြား အမုန်းတရားပွားစေမယ့် စကားတွေ မပြောကြဖို့ စတစ်ကာတွေ ဗီနိုင်းပိုစတာတွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုစတင်ခဲ့ကြတာ ဖြစ်ပါတယ်။


Viewing all articles