Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်

$
0
0

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပါတယ်။

မစ္စ ရန်ဟီးလီ

မစ္စ ရန်ဟီးလီ

တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင် မစ္စ ရန်ဟီးလီ (Yang Hee Lee)ကို ဇွန် ၁ ရက်နေ့က စတင်ပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးသံတမန်အဖြစ် ကုလသမဂ္ဂက တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။

မေ ၉ ရက်နေ့က ရွေးချယ်ခဲ့တာ ဖြစ်ပြီး ရွေးချယ်မယ့်လူစာရင်းတွေထဲမှာ သံတမန်ဟောင်းတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်ခဲ့ဖူးသူ ဂျာရစ် ဂျင်ဆာ (Jared Genser)နဲ့ ဗြိတိန်က တက်ကြွလှုပ်ရှားသူ ပညာရှင် ဂိုင်းဟော်တန် တို့လည်း ပါဝင်နေပါတယ်။

မစ္စလီဟာ ကလေးစိတ်ပညာနဲ့ ပညာရေးဘက်မှာ အတွေ့အကြုံရှိသလို အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီက နာမည်ကျော် ဂျော့ရှ်တောင်းတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ကလေးအခွင့်အရေးကော်မတီမှာ ရွေးချယ်ခံရပြီး ဥက္ကဋ္ဌ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံနဲ့ အုပ်ချုပ်သူ အစိုးရနဲ့ ပတ်သက်ပြီး ဆက်ဆံရာမှာ အတွေ့အကြုံ အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်ကတော့ ဘယ်နိုင်ငံသားကိုပဲ ခန့်အပ် တစုံတရာ ပြောဆိုဖို့ မလိုပေမယ့် ဘယ်သူပဲလာလာ မျှတတဲ့ အမြင်သဘောထားရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“မည်သူပဲလာသည်ဖြစ်စေ မျှတတဲ့အမြင်သဘောထားရှိဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ တိုင်းပြည်ရဲ့ ပကတိအခြေအနေ တကယ့်ဖြစ်ရပ်မှန်တွေပေါ်မှာ မူတည်ပြီးတော့ လူ့အခွင့်အရေး တိုးတက်လာဖို့ ဆောင်ရွက်တာမျိုးကို ကျနော့်အနေနဲ့ လိုလားပါတယ်။”

ပမာဏ ရွေးချယ်ခံထားရတဲ့ ဂိုင်းဟော်တန်ကတော့ မစ္စလီကို ခန့်အပ်ခဲ့တာကို ဂုဏ်ယူ ၀မ်းမြောက်ကြောင်းနဲ့ အရမ်းခက်ခဲတဲ့ အခြေအနေကို သူက ရယူလိုက်တယ်လို့ ပြောပါတယ်။

ဒါအပြင် ကင်တားနားက မြန်မာနိုင်ငံက လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တာကို သတိထားပြီး လီက ဆက်လက် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးသံတမန်ဟောင်း မစ္စတာ ကင်တားနား ကတော့ တာဝန်က အနားမယူခင် မြန်မာ့ရဲ့ အခြေတည်စ ဒီမိုကရေစီက လာမယ့် နှစ်တွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ် ၊ ၂၀၁၁ စစ်အာဏာရှင်ကနေ အရပ်သား အစိုးရ ခေါင်းဆောင်မှုကို လွှဲပြောင်းပေးပြီးကတည်းက တိုးတက်မှုတွေကို ဖျက်ဆီးမယ့် စွမ်းရည်ဟာ တချို့လူတွေဆီမှာ ရှိနေတယ်လို့ အစီရင်ခံစာ ရေးသားခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို လွတ်ပေးခဲ့တာ၊ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက်လာတာ၊ လွတ်လပ်စွာထုတ်ဖော်ခွင့် ပွင့်လင်းလာတာ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးတာနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကို အဆုံးသတ်စေတာတွေကို သူတာဝန်ယူခဲ့တဲ့ ၆ နှစ်အတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေကို ယူဆောင်ပေးတဲ့ မြန်မာမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲအဖြစ် မှတ်ယူခဲ့တယ်လို့ ကင်တားနားက ဆိုပါတယ်။


Viewing all articles