Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ရှမ်းပါတီ ကျေးရွာဥက္ကဋ္ဌကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

$
0
0

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျေးရွာ ဥက္ကဋ္ဌတဦးကို အစိုးရတပ်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ရွာက SNLD ပါတီဥက္ကဋ္ဌ စိုင်းဂျဲန်ကို အစိုးရတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မေလ ၅ ရက် ညနေပိုင်းမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် သံလွင်အရှေ့ခြမ်းဒေသ ဥက္ကဋ္ဌ ဦးစိုင်းလုံက ပြောပါတယ်။

“ကျနော့်ကို ရွာသားတွေက လာတိုင်လို့ သိရတာပါ။ စိုင်းဂျဲန်ကို သူ့အိမ်မှာလာဖမ်းတာတဲ့။ အဲတုန်းက သူနဲ့ သူ့သူငယ်ချင်းက ထိုင်နေတာ။ စစ်တပ်က ၀င်လာပြီး ၂ ယောက်လုံးကို ၀ိုင်းဖမ်းတယ်။ သူ့သူငယ်ချင်းကျတော့ စစ်သားကို ပြန်တွန်းပြီး ထွက်ပြေးခဲ့တယ်။ စိုင်းဂျဲန်ကို တညလုံးခေါ်သွားပြီး မေလ ၆ ရက်နေ့ နေ့ခင်း ၁၁ နာရီလောက်ကျတော့ စစ်သားတွေက သူ့ကိုပြန်ခေါ်လာတယ်။ လက်ပြန်ကြိုးတုပ်ပြီး မျက်နှာမှာလည်း အညိုအမည်းတွေနဲ့၊ သူတို့ တအိမ်လုံးကို မွှေနှောက်ရှာဖွေတယ်။ ဘာမှမတွေ့တော့ ဆန် ၆ ပြည်ယူပြီး ပြန်ခေါ်သွားတယ်၊ အခုကျိုင်းတုံ စစ်တိုင်းရုံးမှာလို့လည်း ကြားပါတယ်။”

ဘာကြောင့် ခုလိုရိုက်နှက်ဖမ်းဆီးသွားလည်းဆိုတာ အတိအကျမသိနိုင်တဲ့အကြောင်း အကျိုး အကြောင်းသိရဖို့ ဒီကနေ့ မေလ ၇ ရက် မနက်ပိုင်းက ကျိုင်းတုံ ရဲအထူးသတင်းတပ်ဖွဲ့ ရုံးကို သွားမေးရာမှာ တာဝန်ကျ ရဲအရာရှိတဦးက အဖမ်းအဆီးကိစ္စသူတို့လည်း မသိကြောင်း၊ စိတ်မပူဖို့နဲ့ နောက်ထပ် ၃ – ၄ ရက် စောင့်ကြည့်ဖို့ ပြောဆိုခဲ့တယ်လို့ ဦးစိုင်းလုံက ဆက်ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်ကတော့ သူတို့ပါတီဝင်တဦး အခုလို အကြောင်းမဲ့ဖမ်းဆီးခံရတာဟာ နယ်မြေတွင်း ဥပဒေစိုးမိုးမှုမရှိကြောင်း ပြသနေပြီး အဖွဲ့အစည်းတွေကြားလည်း ယုံကြည်မှု ပျက်ပြားစေတယ်လို့ ပြောပါတယ်။

“သူ့မှာ အပြစ်မရှိလောက်ဘူးလို့ ကျနော်တို့ ယူဆတယ်။ အပြစ်ရှိခဲ့တယ်ဆိုရင်တောင် တရားဥပဒေ နည်းလမ်းအရ အရေးယူဖို့ လိုအပ်တယ်။ အဲလိုမဟုတ်ဘဲ အခု လက်လွတ်စပယ် ရဲရဲ့ဝရမ်းလည်း မပါဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဘာညာတွေ မပါဘဲနဲ့ ၀င်ဖမ်းတာ ကျနော်တို့ ကန့်ကွက်တယ်။”

အလားတူ အစိုးရတပ်တွေဟာ ကျိုင်းတုံမှာရှိတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း ဆက်ဆံရေးရုံးကိုလည်း မနေ့က မပြောမဆို လာရောက်စစ်ဆေး မွှေနှောက်သွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် ဆက်ဆံရေးရုံး ကိုယ်စားလှယ် စ၀်စိုးမိုင်းက ဒီဗွီဘီကို ပြောပါတယ်။


Viewing all articles

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”