Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ယူကရိန်း ခွဲထွက်ရေးသမားခေါင်းဆောင်က သူပုန်တွေနဲ့ နိုင်ငံတကာလေ့လာသူတွေ လဲလှယ်ရန် ပြော

$
0
0

ယူကရိန်းအရှေ့ဘက် စလာဗီယန့်မြို့က ခွဲထွက်ရေးသမားခေါင်းဆောင်က သူတို့တွေဟာ ယူကရိန်း အာဏာပိုင်တွေ ထိန်းသိမ်းထားတဲ့ သူတို့နောက်လိုက်သူပုန်တွေနဲ့ နိုင်ငံတကာ လေ့လာသူအုပ်စုကို လဲလှယ်ဖို့ အဆင်သင့်ပဲလို့ ဧပြီလ ၂၆ ရက်နေ့က ပြောပါတယ်။

Ukraine

ယူကရန်း အရှေ့ဘက် စလာဗီယန့်မြို့က ကိုယ့်ကိုယ်ကို မြို့တော်ဝန်လို့ ကြေညာထားသူ ခွဲထွက်ရေးခေါင်းဆောင် ဗီချေဆလာ့ဗ် ပိုနိုမာရော့ဗ်

ယူကရန်း အရှေ့ဘက် စလာဗီယန့်မြို့က ကိုယ့်ကိုယ်ကို မြို့တော်ဝန်လို့ ကြေညာထားသူ ခွဲထွက်ရေးခေါင်းဆောင် ဗီချေဆလာ့ဗ် ပိုနိုမာရော့ဗ်

စလာဗီယန့်မြို့က ကိုယ့်ကိုယ်ကို မြို့တော်ဝန်လို့ ကြေညာထားသူ ခွဲထွက်ရေးခေါင်းဆောင် ဗီချေဆလာ့ဗ် ပိုနိုမာရော့ဗ်က သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဒါပေမယ့် ဖလှယ်ရေးအတွက် လေ့လာသူတွေကို ဖမ်းတာကတော့ ကြိုတင်စီစဉ်ထားတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ အကျဉ်းသားဖလှယ်တာဟာ စစ်ဖြစ်နေချိန်မှာ လုပ်နေကျ နိုင်ငံတကာ ဓလေ့ပါပဲ ကြောက်စရာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အဖမ်းခံရသူတွေ အားလုံး အခြေအနေကောင်းတယ် တယောက်ကတော့ ဆီးချိုဖြစ်နေလို့ ဆေးသောက်နေတယ်။ အသည်းအသန် အခြေအနေ မဟုတ်ဘူး ဆေးရော အစားအသောက်ပါ ရှိတယ် သူတို့ကို ကောင်းကောင်းထားတယ် ခြိမ်းခြောက် အကျပ်ကိုင် အနိုင်ကျင့်တာ မလုပ်ဘူးလို့ သူက ပြောပါတယ်။

သူတို့တွေဟာ ကျနော်တို့ပိုင်နက်ထဲ ခွင့်ပြုချက်မရဘဲ ၀င်လာတဲ့ စစ်သားတွေဖြစ်တယ်။ သူတို့ ဘယ်သူတွေဖြစ်တယ် ဘာရည်ရွယ်ချက်အတွက် ဘာတွေလုပ်ဖို့ ဒီကိုလာတယ်ဆိုတာ မသိသေးဘဲ သူတို့ကိုဘာလုပ်မယ်ဆိုတာ ကျနော်တို့လည်း မသိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ရုရှအစိုးရကတော့ နိုင်ငံတကာ လေ့လာသူတွေကို ပြန်လွှတ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဘာမှ မဆက်သွယ်သေးဘူးလို့ ပြောပါတယ်။ ဂျာမနီအစိုးရအရာရှိ သတင်း ရင်းမြစ်ကတော့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ညှိနှိုင်းရေးအသင်းက လေ့လာသူတွေ ပြန်လွတ်ရေး ဘေးကင်းစေရေး ကြိုးစားဖို့ သွားနေပြီလို့ ဆိုပါတယ်။


Viewing all articles