အီရန်နိုင်ငံရဲ့ တပ်မတော်နေ့အခမ်းအနားကို သောကြာနေ့က မြို့တော် တီယာရန်မှာ ကျင်းပခဲ့ပြီး ပြည်တွင်းလုပ် စစ်လက်နက်ပစ္စည်းတွေကို ပြသခဲ့ပါတယ်။ ပြည်တွင်းဖြစ် လက်နက်ကြီးနဲ့ အမြောက်တွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိကျတဲ့ လက်နက်ငယ်တွေကို ပြသခဲ့ပါတယ်။
အခမ်းအနားကို သမ္မတ ဟဆန်ရိုဟာနီလည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာမှာ အီရန်နိုင်ငံကာကွယ်ရေးအတွက် စစ်လက်နက်တွေကို အီရန်နိုင်ငံမှာပဲ ထုတ်လုပ်တယ်လို့ ပြောဆိုပါတယ်။
အီရန်နိုင်ငံက ဘယ်နိုင်ငံကိုမှာ ကျူးကျော်မှာ မဟုတ်ပဲ၊ အီရန်နိုင်ငံကို ရန်လိုမှုတွေကို ရန်ဆိုင် တွန်းလှန်သွားမယ်လို့ဆိုပါတယ်။ အရင်သမ္မတ အမာဒင်နီဂျက်လိုတော့ အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံကို မိန့်ခွန်းထဲမှာ တိုက်ရိုက်တိုက်ခိုက်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် မေလက သမ္မတတက်ဖြစ်လာပြီးနောက်ပိုင်း အနောက်နိုင်ငံတွေနဲ့ ပျော့ပြောင်းတဲ့ ဆက်ဆံရေး ထားရှိပြီး အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ပင်မှုတွေကို အပေးအယူ လုပ်ခဲ့ပါတယ်။
လာမယ့်မေလ ၁၃ ရက်နေ့မှာ အီရန်နိုင်ငံနဲ့ အနောက်အင်အားကြီးနိုင်ငံတွေ ထပ်မံတွေ့ဆုံဦးမှာ ဖြစ်ပြီး ခိုင်မာတဲ့ သဘောတူညီမှုတွေ ရယူဖို့ ကြိုးစားကြမယ်လို့ ဆိုပါတယ်။