Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

အိန္ဒိယဘဏ် ကိုယ်စားလှယ်ရုံးဖွင့်

$
0
0

အိန္ဒိယနိုင်ငံက နာမည်ကြီး အိန္ဒိယဘဏ် (Bank of India)ကို မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ခွင့်ပြုလိုက်ပြီလို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။

Bank-Of-India_0အိန္ဒိယဘဏ်ဟာ အိန္ဒိယပြည်တွင်းမှာသာမက နိုင်ငံတကာမြို့ကြီးတွေမှာ ဘဏ်ခွဲ စုစုပေါင်း ၄၅၀၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲ ဖွင့်လှစ် လုပ်ကိုင်ခွင့် မပြုသေးတဲ့အတွက် ကိုယ်စားလှယ်ရုံးအဖြစ်ပဲ ဖွင့်လှစ်သွားဦးမှာ ဖြစ်ပြီး ခွင့်ပြုချက်ရတာနဲ့ ဘဏ်ခွဲဖွင့်မယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်အရ မြန်မာနိုင်ငံ ဗဟိုဘဏ် အနေနဲ့ နိုင်ငံခြားဘဏ်တွေကို မြန်မြန်ဆန်ဆန် ဖွင့်ခွင့်ပေးဖို့ ပြင်ဆင်နေပေမယ့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ လွှတ်တော်ဘဏ်များဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဥိးအောင်သောင်းအပါအ၀င် အမတ်တချို့ကတော့ ဒီကိစ္စ လွှတ်တော်တွင်းမှာ ကန့်ကွက် ထားကြပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ