Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြန်မာ့သန်းခေါင်စာရင်းကောက်ယူမှု ကုလ အလွန်အမင်းစိုးရိမ်

$
0
0

ရိုဟင်ဂျာလို့ မိမိကိုယ်ကိုယ်မိမိထုတ်ဖော်လာတဲ့သူတွေကို သန်းခေါင်စာရင်းကောက်ယူဖို့ အစိုးရက ခွင့်မပြုတဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကုလသမဂ္ဂနဲ့သဘောတူညီချက်အရ အစိုးရက နိုင်ငံတကာ သန်းခေါင်စာရင်းကောက်ယူမှု စံချိန်စံညွန်းတွေနဲ့ လူ့အခွင့်အရေး စည်းမျဉ်းတွေနဲ့ ကောက်ခံဖို့နဲ့ ဖြေဆိုသူက ဘယ်တိုင်းရင်းသားအုပ်စုဝင်ပဲ ဖြစ်ဖြစ် ထုတ်ဖော်ပြောဆိုတာကို မှတ်သားဖို့ သဘောတူညီထားတယ်လို့ ထုတ်ပြန်ပါတယ်။

unfpa_uioအစိုးရ သတ်မှတ်ထားတဲ့ တိုင်းရင်းသား စာရင်းထဲမှာ မပါတဲ့ သူတို့ရဲ့ တိုင်းရင်းသား လူမျိုးစုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့သူတွေကိုလည်း သန်းခေါင်စာရင်း ကောက်ခံသူတွေက မှတ်တမ်းတင်ဖို့ သဘောတူညီထားတယ်လို့ လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း သန်းခေါင်စာရင်း ကောက်ခံမှုမပြုလုပ်ခင်မှာ ရိုဟင်ဂျာလို့ ထုတ်ဖော်ပြောဆိုတဲ့ သူတွေကို သန်းခေါင်စာရင်းမှာ ထည့်သွင်းခြင်းမပြုဖို့ အစိုးရ အရာရှိတွေက ကြေညာခဲ့ပါတယ်။
နိုင်ငံတကာ သန်းခေါင်စာရင်း စံချိန်စံညွန်းတွေ လူအခွင့်အရေး စည်းမျဉ်းတွေနဲ့ သဘောတူညီချက်တွေကနေ သွေဖည်ပြီး သန်းခေါင်စာရင်းအပေါ်ထားရှိတဲ့ ယုံကြည်မှုကို ထိခိုက်မှာကိုလည်း အထူး စိုးရိမ်မိတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါအပြင် ရိုဟင်ဂျာလို့ ပြောဆိုတဲ့သူတွေ အပါအ၀င် လူတိုင်းရဲ့လူ့အခွင့်အရေးကို လေးစားဖို့ အကြမ်းဖက်မှုတွေ ဖြစ်ပွားတာကို ကာကွယ်ပေးပြီး လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အဓိကထား ကာကွယ်ပေးဖို့လည်း UNFPA က တောင်းဆိုထားပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုစတင်မယ့် ၃၀ ရက်နေ့မတိုင်ခင်အထိ အစိုးရဘက်က နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း ကောက်ယူမယ်လို့ လိုက်လံရှင်းလင်းခဲ့ပါသေးတယ်။ ဒီနောက် ရိုဟင်ဂျာကို စာရင်းသွင်းရင် ရခိုင်ပြည်နယ်တ၀ှန်း သန်းခေါင်စာရင်းကို သပိတ်မှောက်မယ်လို့ ရခိုင်တိုင်းရင်းသား တွေက တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် စတင်ကောက်ခံတဲ့ရက်မှာတော့ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစာရင်းမှာ မပါဝင်လို့ စာရင်းရေးသွင်း ကောက်ခံမှာ မဟုတ်ဘူးလို့ အစိုးရဘက်က ညွှန်ကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPAဟာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် ၁၈ လကြာ ပြင်ဆင်ချိန်ကာလမှာ နည်းပညာ အကူအညီပေးခဲ့ပါတယ်။ ကုန်ကျစရိတ်အတွက် သြစတေးလျ။ ဂျာမဏီ၊ နော်ဝေနဲ့ ဗြိတိန်နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း ၉ နိုင်ငံက အမေရိကန်ဒေါ်လာ ၄၅ သန်းထောက်ပံ့ကူညီခဲ့ပါတယ်။ UNFPA က အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံကူညီခဲ့သလို မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၁၅ သန်းထည့်ဝင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်မှာ သန်းခေါင်စာရင်း တကြိမ်ကောက်ခံခဲ့ပါတယ်။


Viewing all articles