ချီလီနိုင်ငံ ကမ်းခြေဒေသမှာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က ရစ်ချက်တာစကေး ၈ ဒသမ ၂ ပမာဏ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့နောက် လူ ၅ ယောက် သေဆုံးသွားပြီး ထောင်ပေါင်းများစွာကို ကယ်တင်ခဲ့ရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
ဆူနာမီလှိုင်းနဲ့ မြေပြိုတာတွေကြောင့် အဝေးပြေးလမ်းမကြီးလည်း ပိတ်ဆို့နေတယ်လို့ ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် နံရံတွေ ပြိုကျလို့ ပိမိတာ ရှိသလို၊ နှလုံးရောဂါကြောင့် တချို့ သေဆုံးသွားတယ်လို့ ပြောပါတယ်။
ငလျင်ဟာ ပီရူးနဲ့ နယ်စပ် ချီလီ ကမ်းခြေမြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာ ပင်လယ်ကြမ်းခင်းအောက် မီတာ ၂၀နဲ့ ၁၂ မို်င်ကျော်လောက်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒ လေ့လာရေးဌာနက ဆိုပါတယ်။
ငလျင်ကြောင့် လှိုင်အမြင့် ၂ ဒသာမ ၃ မီတာအထိ အမြင့်ဆုံး မြင့်တက်ခဲ့တယ်လို့ ပစိဖိတ်ဆူနာမီ သတိပေးဌာနက ဆိုပါတယ်။
ဆူနာမီလှိုင်းတွေဟာ ၄၅ မိနစ်အတွင်းမှာပဲ ကမ်းခြေကို ရိုက်ခတ်ခဲ့တယ်လို့ ချီလီရေတပ်က ပြောပါတယ်။
ကမ်းခြေတလျှောက်မှာ ကြီးမားတဲ့ အပျက်အစီးတွေ သတင်းမထွက်လာပေမယ့် အခြေအနေတွေ ရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး အမျိုးသမီးအကျဥ်းထောင်ကနေ အကျဥ်းသူ ၃၀၀ ၀န်းကျင် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ကမ္ဘာမှာ ကြေးနီအများဆုံး ထွက်တဲ့ ချီလီမှာ ၂၀၁၀ တုန်းကလည်း ၈ ဒသမ ၈ ပမာဏရှိတဲ့ ငလျင်နဲ့ ဆူနာမီဒဏ်လည်း ခံစားခဲ့ရပြီး လူပေါင်း ၅၂၆ ယောက် သေဆုံးခဲ့ဖူးပါတယ်။