Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ချန်ပီယံလိဒ်မှာ မန်ယူအသင်းဟာ အန္တရာယ်ကြီးတဲ့ အသင်းအဖြစ် ဘေယန်နည်းပြ ဂွါဒီယိုလာက ပြောဆို

$
0
0

မန်ယူအသင်းဟာ ပရီးမီးယားလိဒ်မှာ အခြေအနေမကောင်းပေမယ့် ချန်ပီယံလိဒ်ကို ပိုမိုအာရုံစိုက်နေတဲ့အတွက် အန္တရာယ်တော်တော်ကြီးတဲ့အသင်းတသင်းအဖြစ် ခြိမ်းခြောက် နေတုန်းပဲလို့ မတ် ၃၁ ရက်နေ့ လန်ဒန်မြို့မှာ ပွဲမကစားခင် တရက်အကြို ဘေယန်နည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။

ဂျာမန်ကလပ် ဘေယန်မြူးနစ်အသင်းဟာ ပြည်တွင်းအမှတ်ပေးပွဲမှာ ချန်ပီယံအဖြစ် မှတ်တမ်းဝင် အချိန်အတိုဆုံးအတွင်း ရယူခဲ့ပြီ ဖြစ်ပေမယ့် မန်ယူအသင်းကတော့ ပြည်တွင်းအမှတ်ပေးပွဲ အဆင့် ၇ မှာ ရုန်းကန်နေရပြီး ၂၄ နှစ်အတွင်း အခုလိုအခြေအနေမျိုး ကြုံနေရတာလည်း ဖြစ်ပါတယ်။

Guadiola 3ဘေယန်နည်းပြ ဂွါဒီယိုလာက မန်ယူအသင်းဟာ ဒီနှစ် အင်္ဂလိပ် ပရီးမီယာလိဒ်မှာ အကောင်းဆုံး အခြေအနေမှာ မရှိပေမယ့် ချန်ပီယံလိဒ်မှာတော့ အခြေအနေကောင်းနေပြီး အရေးကြီးတဲ့ပွဲတွေကို အနိုင်ကစားနိုင်ခဲ့ပါတယ်။

ရွန်နေ၊ ဖာဒီနန်၊ ဗီဒစ်နဲ့ ရိုင်ယန်ဂစ်စ်တို့ရဲ့ အရည်အချင်းကို ကျနော် ကောင်းကောင်း သိပါတယ်။ ပွဲကောင်း ၁ ပွဲ၊ ၂ ပွဲ ကစားသွားပြီးတော့ ကျနော်တို့ကို ဖြုတ်သွားနိုင်ပါတယ်လို့ ဘေယန်နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

ဂွာဒီယိုလာက ချန်ပီယံလိဒ်ဟာ သူတို့အတွက် အရေးအကြီးဆုံးတော့မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
“ချန်ပီယံလိဒ်ဟာ အရေးအကြီးဆုံးတော့ မဟုတ်ပါဘူး။ ပြည်တွင်းအမှတ်ပေးပွဲ ဘွန်ဒက်စ်လီဂါ ကသာ ကျနော်တို့အတွက် အရေးအကြီးဆုံးပါ။ ဒါပေမယ့် ချန်ပီယံလိဒ်ကတော့ ဂုဏ်သိက္ခာအကြီးဆုံးဆုဖလား ဖြစ်ပါတယ်။ ဒါကြောင့်မို့ မလွယ်ကူပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဘေယန်ကွင်းလယ်ကစားသမား သီယာဂိုကတော့ ဒဏ်ရာကြောင့်နားနေရပြီး မန်ယူအသင်းရဲ့ ဗန်ပါစီကလည်း ဒူးဒဏ်ရာကြောင့် ချန်ပီယံလိဒ် ကွာတားဖိုင်နယ် ၂ လုံးကို ကစားနိုင်မှာ မဟုတ်ပါဘူး။


Viewing all articles