Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

စာနယ်ဇင်းကျင့်ဝတ် အလုပ်ရုံဆွေးနွေးပွဲ ပဲခူးမှာ ပြုလုပ်

$
0
0

စာနယ်ဇင်းကောင်စီ(ယာယီ)က ကြီးမှူးတဲ့ စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ နိုင်ငံအနှံ့ပြုလုပ်နေပြီး ပဲခူးမြို့မှာ မတ်လ ၂၇ ရက်က ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ဒေသခံ သတင်းသမား ၉၀ လောက် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

sarnalzinဒီအစီအစဉ်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနဲ့ (IMS)International Media Support တို့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး စာနယ်ဇင်းကျင့်ဝတ်တွေအကြောင်း နှစ်ဘက် အပြန်အလှန် ဆွေးနွေးကြတာ ဖြစ်တယ်လို့ ပဲခူး ဆွေးနွေးပွဲတက်နေတဲ့ စာနယ်ဇင်ကောင်စီအဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောပါတယ်။

ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကထဲက စတင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး၊ မုံရွာနဲ့ ရခိုင်တို့မှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေမှာ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေက စာနယ်ဇင်းကျင့်ဝတ်မူကြမ်းကို ချပြပြီး ဒေသခံသတင်းသမားတွေရဲ့ သဘောထားတွေကိုလည်း ရယူတယ်လို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။

လာမယ့် မေလထဲ စာနယ်ဇင်းကောင်စီနဲ့ တနိုင်ငံလုံးမှာရှိတဲ့ သတင်းသမားတွေ တွေ့ဆုံပြီး စာနယ်ဇင်းကျင့်ဝတ်မူကြမ်းကို အချောသတ် ရေးဆွဲကြမှာဖြစ်ပါတယ်။
အခုလို စာနယ်ဇင်းကျင့်ဝတ်ဆွေးနွေးပွဲတွေ ပြုလုပ်တာ မြန်မာပြည်မှာ ပထမဆုံး ဖြစ်ပါတယ်။
အသံဖိုင် နားဆင်ရန်


Viewing all articles