Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဟိန္ဒားသတ္တုတွင်း ကုမ္ပဏီနှင့် ၀န်ကြီးဌာနကို ရွာသားများ တရားစွဲမည်

$
0
0

ထားဝယ်ခရိုင် မြောင်းပြိုကျေးရွာမှာ မြန်မာပွန်ပီပက်ကုမ္ပဏီက လည်ပတ်နေတဲ့ ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လူမှုစီးပွားရေး အခြေအနေနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ ရှိတဲ့အတွက် ရွာသားတွေက ကုမ္ပဏီနဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းကို တရားစွဲမယ်လို့ ဆိုပါတယ်။

ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် နစ်နာမှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - yarzar soe facebook)

ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် နစ်နာမှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – yarzar soe facebook)

၁၉၉၉ ခုနှစ် ဟိန္ဒားသတ္တုတွင်းကို မြန်မာပွန်ပီပက် ကုမ္ပဏီက လွှဲပြောင်းလုပ်ကိုင်ခဲ့တဲ့ အချိန်က စတင်ပြီး စည်းကမ်းမဲ့ စွန့်ပစ်တဲ့ မြေ စာတွေကြောင့် မြစ်ချောင်းတွေ တိမ်ကောတာ၊ ဒေသခံတွေရဲ့ ဥယျဉ် ခြံမြေ၊ နေအိမ်၊ ရေတွင်းရေကန်တွေ၊ သာသနိကအဆောက်အုံတွေ ပျက်စီးတာတို့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ရွာသူရွာသားတွေအနေနဲ့ သက်ဆိုင်ရာ အစိုးရ၊ ကုမ္ပဏီတွေမှာ အခက်အခဲများကို အသိပေးပေမယ့်လည်း တုံ့ပြန်မှုတွေ မရရှိခဲ့အတွက် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာပွန်ပီပက်ကုမ္ပဏီတွေကို တရားဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်လို့ ဒီကိစ္စမှာ ကူညီလုပ်ဆောင်ပေးနေတဲ့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ညှိနှိုင်းရေးမှူး ကိုသန့်ဇင်က ပြောပါတယ်။

တရားစွဲတဲ့အဆင့်ကို မရောက်သေးပေမယ့် အခုချိန်မှာတော့ သတိပေးစာတွေ ပေးထားတဲ့အဆင့်ကိုတော့ ရောက်နေပြီ ဖြစ်သလို မကြာခင်မှာ ဒီအမှုကို ဒေသခံတွေအနေနဲ့ တရားရုံးတင်မယ်လို့လည်း ဆိုပါတယ်။

ဟိန္ဒားသတ္တုတွင်းဟာ ခဲမဖြူ အဖြိုက်နက်တွေကို ထုတ်လုပ်သလို မြန်မာပြည်ရဲ့ အကြီးစား စီမံကိန်းတခုလည်း ဖြစ်ပါတယ်။

လက်ရှိ ဒီစီမံကိန်းရဲ့ဒဏ်ကို ခံနေရတဲ့ မြောင်းပြိုရွာမှာ အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ နီးပါး နေထိုင်နေတာလည်း ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ