Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပျောက်ဆုံးလေယာဉ်ပေါ်ပါ ခရီးသည်များ ဘေးကင်းမည်ဟု မျှော်လင့်ကြောင်း ပြော

$
0
0

မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားတဲ့ လေယာဉ် MH 370 ပေါ်ပါ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ဘေးကင်းမယ်လို့ မျှော်လင့်ကြောင်း မလေးရှားမြို့တော် ကွာလာလမ်ပူက လေကြောင်းခရီးစဉ်တွေကို စီးနင်းလိုက်ပါမယ့် ခရီးသည်တွေက ပြောပါတယ်။

mh370-777လေယာဉ်ပျောက်ဆုံးခဲ့တာ ၁ ပတ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် လေယာဉ်ပျောက် ရဲ့ ခြေရာ သဲလွန်စကို ခုထိ ရှာမတွေ့သေးပါဘူး။

လေယာဉ်နဲ့ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းဆိုင်ရာ လမ်းကြောင်းရှာမှုနဲ့ ပတ်သက်လို့ ဗဟုသုတရှိသူ တယောက်ယောက်က လေယာဉ်ကို တမင်သက်သက် လမ်းကြောင်း လွှဲခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြပါတယ်။

အစိုးရနဲ့ တခြားအခြေအနေတွေကြားမှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနေပေမယ့် လေယာဉ်ပေါ်ပါတဲ့လူတွေ ဘေးကင်းပါစေလို့ ဆုတောင်းတယ်လို့ ပြောပါတယ်။

မျှော်လင့်တာကတော့ ပြန်ပေးဆွဲပြီး လေယာဉ်က မြေပေါ်ဆင်းခဲ့ရင် လူတွေ အသက်ရှင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက် ပြည့်တာပေါ့လို့ ဂျပန်ကို သွားမယ့် ခရီးသည် ရှိနိချီ တကာရက ပြောပါတယ်။

ပျောက်ဆုံးလေယာဉ်ပေါ်မှာတော့ ဖရီးစကေး နိုင်ငံတကာကုမ္ပဏီရဲ့ မိုက်ခရိုချစ်ပ်စ် ပညာရှင် အယောက် ၂၀၊ အိုင်ဘီအမ် ကွန်ပျူတာကုမ္ပဏီရဲ့ စီအီးအိုနဲ့ အမေရိကန် ပင်ဆယ်ဗေးနီးယား အခြေစိုက် စွမ်းအင်ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ၊ တရုတ်အနုပညာရှင် အဖွဲ့တဖွဲ့တို့ အပါအ၀င် လူ ၂၃၉ ယောက် ပါရှိပါတယ်။

မလေးရှားအစိုးရကတော့ နိုင်ငံပေါင်း ၂၄ နိုင်ငံနီးပါးက သံတမန်တွေကို ပျောက်ဆုံးလေယာဉ်ဆိုင်ရာ အချက်အလက် အသေးစိတ်တွေ တင်ပြရှင်းလင်းခဲ့ပါတယ်။

အဲဒီနောက် ကက်စပီယန် ပင်လယ်ကမ်းရိုးတန်းတလျှောက်က စက်ဝန်းလမ်းကြောင်းနဲ့ အိန္ဒိယသမုဒ္ဒရာ တောင်ဘက်စွန်းက စက်ဝန်းလမ်းကြောင်းတလျှောက် လေယာဉ်ပျောက်ကို ရှာဖွေဖို့ နိုင်ငံတကာ အကူအညီကို တောင်းဆိုခဲ့ပါတယ်။

ပျောက်ဆုံးလေယာဉ်ဟာ ကွာလာလမ်ပူလေဆိပ်ကနေ ပျံတက်ပြီး ၁ နာရီမပြည့်ခင် မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းက အရပ်ဘက်လေကြောင်းထိန်းချုပ်ရေး စက်ခန်း မျက်နှာပြင်ပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ဟာ မလေးရှားအရှေ့မြောက် ကမ်းရိုးတန်းကနေ ထိုင်းပင်လယ်ကွေ့ကို ဖြတ်ပျံခဲ့ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေးစနစ်တွေကို ပိတ်ပစ်ခဲ့ပြီးမှ အနောက်ဘက်ကို ကွေ့သွားခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက ယုံကြည်ကြပါတယ်။

လေယာဉ်ဟာ မလေးရှားစစ်တပ်ရေဒါတွေရဲ့ လက်လှမ်းမီမှု အပြင်ဘက်ကနေ ပျံသန်းခဲ့အပြီး လျှပ်စစ်အချက်ပြမှုတွေအရ လေယာဉ်ဟာ လမ်းကြောင်းပြောင်းခဲ့အပြီး ၇ နာရီနီးပါး ဆက်ပျံခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ် ပါတဲ့ လောင်စာဆီတွေအရ လေယာဉ်ဟာ ၇ နာရီခွဲကနေ ၈ နာရီ အတွင်း ပျံသန်းဖို့ လုံလောက်တယ်လို့ မလေးရှားလေကြောင်းလိုင်းအရာရှိတွေက ပြောခဲ့ပါတယ်။


Viewing all articles