Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဥပဒေစိုးမိုးရေးအတွက် ဥပဒေပညာရှင်များနှင့် ကွန်ရက်ချိတ်ဆက်ရန် ၈၈ လုပ်ဆောင်

$
0
0

ဥပဒေစိုးမိုးရေးအတွက် ဥပဒေပညာရှင်များနဲ့ ကွန်ရက်ချိတ်ဆက်ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စတင်လုပ်ဆောင် လိုက်ပါတယ်။

အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဥပဒေပညာရှင်တွေ၊ အကျိုးဆောင်ရှေ့နေတွေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လိုလားကူညီချင်သူတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်သွားဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက (88 Generation Legal Sector) အမည်နဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာကို မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

ဒီလူမှုရေး ကွန်ရက် ဖေ့ဘွတ်စာမျက်နှာ ဖွင့်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဥပဒေရေးရာ တာဝန်ခံ ဦးမာကီးက အခုလို ပြောပါတယ်။

“ဖေ့ဘွတ်မှာ စာမျက်နှာသစ်တခုဖွင့်လိုက်ရတဲ့ ရည်ရွယ်ချက်က တင်လာတဲ့ အမှုတွေကို ဖေ့ဘွတ်မှာအများသိသင့်တာတွေ ချပြသွားဖို့ပါ။ အများပြည်သူတွေလည်း လေ့လာလို့ရအောင်၊ ပြဿနာတွေကိုလည်း အနယ်နယ်အရပ်ရပ်က ဖေ့ဘွတ်ကနေ ဆွေးနွေးလို့ရအောင်ဆိုပြီးတော့ ဖွင့်လှစ်လိုက်တာပါ။”

၈၈ မျိုးဆက်ကျောင်းသားတွေ ထောင်ကနေ လွတ်မြောက်လာပြီးတဲ့နောက် သူတို့ရဲ့ ရုံးခန်းမှာ လာရောက်ပြီး ပြည်သူတွေက နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လာရောက် တင်ပြတာတွေ ရှိနေတဲ့အတွက် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးခဲ့တာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

၁ လကို အမှုပေါင်း ၂၀၀ ၀န်းကျင်လောက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့  ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ လာရောက် တိုင်တန်းပြောဆိုတာတွေ ရှိပြီး အများစုက လယ်ယာမြေသိမ်းမှုတွေ ဖြစ်သလို ခေတ်အဆက်ဆက်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ရောက်လာတာတွေလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။

ဒီဖေ့ဘွတ်စာမျက်နှာကနေရလာနိုင်တဲ့ အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဦးမာကီးက “နည်းပညာတွေ ကျယ်ပြန့်လာပြီ၊ အသုံးပြုသူတွေလည်း များလာပြီဆိုတော့ အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ ချိတ်ဆက်သွားဖို့လည်း ရည်ရွယ်တယ်။ ဖေ့ဘွတ်ကနေ စက္ကန့်မခြား ဆက်သွယ်ဆောင်ရွက်နိုင်တယ်။ အမှုသည်တွေက ရန်ကုန်ကတင်မဟုတ်ဘူးလေ၊ အနယ်နယ်အရပ်ရပ်ကနေ လာကြတဲ့ အမှုတွေဆိုတော့ ဥပဒေအကျိုးတော်ဆောင်နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ဆိုရင်၊ ရန်ကုန်ကနေ အနယ်နယ်အရပ်ရပ်ကို သွားပြီးဆောင်ရွက်ဖို့ကလည်း ခက်ခဲတယ်။ အဲတော့ အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့၊ စိတ်ပါဝင်စားတဲ့၊ အများအကျိုးဆောင်ရွက်လိုတဲ့၊ အဖိနှိပ်ခံအမှုသည်တွေဘက်က ကူညီဆောင်ရွက်ပေးလိုတဲ့ အကျိုးဆောင်ရှေ့နေတွေ ပေါ်ထွက်လာဖို့လည်း ရည်ရွယ်ပါတယ်။ နောက် ဒီအမှုတွေဟာ ဒီလိုပြဿနာတွေရှိနေသေးတယ်ဆိုတာ မဖြေရှင်းနိုင်သေးတာ အပထားပေါ့လေ၊ ဒီလို ပြဿနာတွေရှိတယ်ဆိုတာ အများပြည်သူသိအောင် ချပြသွားချင်တာပေါ့လေ။”

မဏ္ဍိုင် ဥပဒေ အကယ်ဒမီအဖွဲ့ကလည်း ရှေ့နေ ၂၀ ကျော်နဲ့ ၁ ပတ်မှာ ၃ ရက်၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လာရောက်ဆောင်ရွက်ပေးနေတာတွေလည်း ရှိနေပါတယ်။


Viewing all articles