Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့် သက်ဆင်မိသားစု စီးပွားရေး ဂယက်ရိုက်

$
0
0

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြောင့် သက်ဆင်မိသားစုနဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ဂယက်ရိုက်နေပါတယ်။

ဝန်ကြီးချုပ် ယင်းလပ် ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူခဲ့ဖူးတဲ့ SC Asset အိမ်ခြံမြေလုပ်ငန်းရဲ့ အစုရှယ်ယာ တန်ဖိုး ၂ ရက်ဆက်တိုက် ၅ ရာခိုင်နှုန်းနီးပါးစီ ကျဆင်းခဲ့သလို ရှင်နာဝပ်ထရာ မိသားစု စီးပွားရေးလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ မိုဘိုင်းဟန်းဆက်တွေ ဖြန့်ဖြူးတဲ့ M-Link ရဲ့ အစုရှယ်ယာလည်း လွန်ခဲ့တဲ့ ၂ ရက်အတွင်း ၁၀ ရခိုင်နှုန်းနီးပါး ကျဆင်းသွားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဘန်ကောက်မြို့တော်မှာ ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသမားတွေကို တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဘန်ကောက်မြို့တော်မှာ ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသမားတွေကို တွေ့ရစဉ် (ဓာတ်ပုံ – ရိုက်တာ)

အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့ပြင်မှာ ရှိတဲ့ အိမ်ခြေမြေ လုပ်ငန်းရုံးတွေရဲ့ အပြင်ဘက်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဆန္ဒပြကြပါတယ်။

သက်ဆင်မိသားစုနဲ့ ပတ်သက်နေနိုင်တဲ့ InTouch ကုမ္ပဏီထုတ် AIS ဖုန်းဆင်းကတ်တွေကိုလည်း မသုံးကြဖို့ ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်ဆုဘန်က ဆော်သြ ထားပါတယ်။

InTouch ကုမ္ပဏီဟာ သက်ဆင်မိသားစုပိုင် ရှင်းကော်ပိုရေးရှင်းကို နာမည်ပြောင်းထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

သက်ဆင်မိသားစုက ရှယ်ယာအများစုကို ရောင်းချခဲ့ပြီဆိုပေမယ့် ရှယ်ယာ အနည်းအကျဉ်းကို ပိုင်ဆိုင်ထားတုန်းပဲလို့ ဆန္ဒပြခေါင်းဆာင် ယုံကြည်နေပါတယ်။

ထိုင်းနိုင်ငံမှာ ထိပ်တန်းစာရင်းဝင် ဖုန်းအော်ပရေတာ InTouch ကုမ္မဏီကတော့ သက်ဆင်မိသားစုနဲ့ ဘာမှ မပက်သက်တော့ဘူးလို့ ဖြေရှင်းချက် ထုတ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်အစိုးရဟာ အတိုက်အခံတွေနဲ့ တရားရေးမဏ္ဍိုင်ရဲ့ ဖိအားတွေအောက်မှာ တစထက်တစ ပိတ်မိနေတဲ့အချိန်မှာ စပါးကြွေးမရသေးတဲ့ လယ်သမား တွေရဲ့ ဆန္ဒပြပွဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ နိုင်ငံအလယ်ပိုင်းက ရာနဲ့ချီတဲ့ လယ်သမားတွေဟာ ဘန်ကောက်အထိ ချီတက် ဆန္ဒပြခဲ့ကြပြီးနောက် စပါးဖိုးအကြွေးကို ၁ ပတ်အတွင်း ပေးချေမယ်လို့ အစိုးရက ကတိပေးလိုက်ပါတယ်။

လယ်သမားတွေကလည်း နယ်ပြန်သွားကြဖို့ သဘောတူလိုက်ကြပါတယ်။

ဒါပေမယ့် အစိုးရက ကတိမတည်ရင် ဘန်ကောက်ကို နောက်တခေါက်ပြန်လာမယ်လို့ လယ်သမားတွေက ဖေဖော်ဝါရီ ၂၁ ရက် ဒီနေ့မှာ ပြောပါတယ်။


Viewing all articles