ဇွဲကပင် ယူနိုက်တက် အသင်းတာဝန်ရှိသူ ဦးလှဌေးက ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်းကို လက်ရောက်ကျူးလွန်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒဏ်ငွေ ၁၅ သိန်းပေးဆောင်ဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဆုံးဖြတ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
MNL Myanmar 2014 ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၅)အဖြစ် (၁၅.၂.၂၀၁၄) ရက်နေ့ ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်းမှာ ဇွဲကပင် အသင်းနဲ့ ရတနာပုံ အသင်းတို့ ယှဉ်ပြိုင် ကစားတဲ့ ပွဲစဉ်အပြီး ပင်နယ်လ်တီပေးခဲ့တဲ့အပေါ် မကျေနပ်လို့ ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့တဲ့အပေါ် ဆုံးဖြတ်လိုက်တာပါ။ဆုံးဖြတ်ချက်အရ ဇွဲကပင်အသင်းတာဝန်ရှိသူ တဦးအနေနဲ့ ကျူးလွန်ခဲ့တဲ့အတွက် ဇွဲကပင်အသင်းက ဒဏ်ကြေးငွေကျပ် ၁၅ သိန်း ပေးဆောင်ရမှာဖြပြီး အလားတူဖြစ်ရပ်မျိုး ထပ်ပေါ်ပေါက်ပါက ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်အရေးယူမယ်လို့ ဆုံးဖြတ်ပါတယ်။
လက်ရောက်ကျူးလွန်ခံရတဲ့ ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်းရဲ့ သည်းခံမှုအပေါ်ကို မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။